မည်သို့ပင်ဖြစ်စေ
Book Review📒
စာအုပ်အမည် - မည်သို့ပင်ဖြစ်စေ
စာရေးဆရာ - ဖေမြင့်
🍀အခုမိတ်ဆက်ပေးမယ့် စာအုပ်လေးကတော့စာရေးဆရာဖေမြင့်ရဲ့"မည်သို့ပင်ဖြစ်စေ"စာအုပ်လေးဘဲဖြစ်ပါတယ်🍀
🍀ဒီစာအုပ်လေးကိုဖတ်နေတဲ့အချိန်မှာ2019တုန်းကဖတ်ခဲ့တဲ့ စာရေးဆရာမလူစ်းဝပ်စ်ဟေစ်းရဲ့စာအုပ်လေးကို သွားသတိရမိတယ်။အကြောင်းအရာတွေကမတူညီပေမဲ့ ပေးချင်တဲ့ရည်ရွယ်ချက်ကတော့သွားတူနေတာပါ။🍀
🍀စာအုပ်လေးထဲမှာထဲတော့ စိတ်ဓာတ်ကျတာတွေကိုဘယ်လိုပြုပြင်ရမလဲ!ကျရှူံးမှုတွေရှိခဲ့ရင်တောင် အောင်မြင်မှုခြေလှမ်းကိုဘယ်လိုလျှောက်လှမ်းရမလဲ! ဆိုတာကို သာဓကလေးတွေနဲ့ပြသွားတာတွေ၊ psychologyနဲ့ဆိုင်တဲ့စိတ်ကျန်းမာရေးအကြောင်း‌တွေကိုလည်း ဗဟုသုတအနေနဲ့ ရေးသားဖော်ပြထားပါတယ်။🍀
🍀အခက်ခဲတစ်ခုကြုံတိုင်းလက်လျော့နေရင်ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်မှာမဟုတ်တော့ပါဘူး။တစ်ခါတစ်လေ ကျွန်တော်တို့စိတ်ကတစ်ခုခုကိုအလိုမကျတာလည်းဖြစ်တတ်တယ်။အဲ့လိုတွေဖြစ်နေတဲ့အချိန်ကျရင်ဘယ်လိုမျိုးအကောင်းဆုံးလုပ်ဆောင်ရမလဲ ၊ ကိုယ့်အတွက်ဘယ်ကိစ္စကအရေးကြီးတယ် ၊ ဘယ်လိုချိန်တွေမှာအကောင်းဆုံးဖြစ်အောင်လုပ်ဆောင်နိုင်ရမလဲ ဆိုတာကို သာဓကတွေနဲ့ရှင်းလင်းအောင် ရေးသားဖော်ပြထားပါတယ်။🍀
🍀ဒီစာအုပ်လေးကိုဖတ်နေတဲ့အချိန်မှာကျွန်တော့်ရဲ့စိတ်လည်းလုံးဝကိုရှင်းလင်းသွားပါတယ်။ကိုယ်တိုင်ကလည်း တစ်ခါတစ်ရံ အဲ့လိုလေးတွေဖြစ်တတ်တဲ့အတွက် ဘယ်လိုမျိုးလုပ်ဆောင်ရမလဲ ဆိုတာသိသွားတဲ့အတွက် လုံးဝကိုကောင်းတဲ့စာအုပ်လေးတစ်အုပ်ပါပဲ။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကိုလည်းရေးသားဖော်ပြထားတဲ့အတွက် လုံးဝကို ဖတ်သင့်တဲ့စာအုပ်လေးတစ်အုပ်ပါ။🍀
🍀အရမ်းကောင်းတဲ့စာအုပ်လေးမို့ စာဖတ်သူတို့လည်းဒီလိုမျိုးစာအုပ်လေးကိုဖတ်ရှုဖို့တိုက်တွန်းပါရစေနော်။ နောက်နောင်လည်းreviewစာအုပ်ကောင်းလေးတွေကိုရေးသားသွားမှာဖြစ်တဲ့အတွက် Myanmar Book Review pageကို like&shareလေးလုပ်သွားပေးပါအုံးနော်။🍀
#မည်သို့ပင်ဖြစ်စေ
#ဖေမြင့်
#myanmarbookreview
စိတ်ရဲ့ငြိမ်သက်ခြင်း
 📒Book Review📒
စာအုပ်နာမည်-စိတ်ရဲ့ငြိမ်သက်ခြင်း(Stillness)စ
စာရေးဆရာမ- ထက်ထက်ထွန်း(Waterfall)
အခုမိတ်ဆက်ပေးမယ့်စာအုပ်လေးကတော့ စာရေးဆရာမထက်ထက်ထွန်း(Waterfall)ရဲ့စိတ်ရဲ့ငြိမ်သက်ခြင်း(Stillness)စာအုပ်လေးဖြစ်ပါတယ်...
 🍀ဒီစာအုပ်လေးကို စာရေးဆရာမကိုယ်တိုင်ကပြောထားတာကတော့ "တစ်ချို့ကဒီစာအုပ်ဖတ်ဖူးတဲ့သူတွေကျတော့ကဗျာလို့လည်းပြောကြတယ်၊ တစ်ချို့ကဝတ္ထုလို့ခေါ်ကျတယ်၊ကျွန်မကတော့ဒီစာအုပ်လေးကကဗျာလည်းမဟုတ် ဝတ္ထုလည်းမဟုတ်ဘူးလို့မြင်မိပါတယ်၊ဒါကကျွန်မရဲ့အမြင်ပေါ့နော်"
🍀ဒီစာအုပ်လေးကိုဖတ်နေတဲ့အချိန်လေးမှာ ကျွန်မရဲ့စိတ်တွေကလုံးဝလွတ်လပ်ပြီးပေါ့ပါးနေတယ်။ပြီးတော့ဘဝမှာ ကိုယ်တကယ်လိုချင်ခဲ့တာတွေက ဘာတွေလည်းဆိုတာသိလာခဲ့ရတယ်။ကျွန်မတို့တွေကကိုယ့်ရဲ့စိတ်ကိုပြန်မေးဖို့ မေ့နေတက်ကျတယ်။ဘာတွေကိုအဓိကလိုချင်ကြလဲဆိုတာကိုပေါ့...🍀
🍀တကယ်တော့ ကိုယ့်ရဲ့စိတ်ကိုငြိမ်းချမ်းအောင်ထားနိုင်မှုလေးကိုက လုံးဝကိုအကျိုးရှိစေပါတယ်။ ကိုယ်တစ်ကယ်လိုချင်တဲ့အရာတွေကရော ဘာကြောင့်လိုချင်နေတာလဲဆိုတာကိုပါသိလာခဲ့ရတယ်။ လုံးဝကိုစိတ်ကပေါ့ပေါ့ပါးပါးလေးနဲ့ဖြစ်နေတာ။ဒီစာအုပ်လေးကိုဖတ်နေရတဲ့အချိန်မှာပေါ့🍀
🍀ဒီစာအုပ်လေးထဲကအကြောင်းရာတစ်ချို့ကိုရေးသားဖော်ပြထားမယ်နော်...
"စိတ်ထားအကောင်းဆုံးနဲ့ချစ်လိုက်တဲ့အချစ်ရယ်
စိတ်ထားအကောင်းဆုံးနဲ့လုပ်လိုက်တဲ့အလုပ်ရယ်...
ဒီနှစ်ခုကိုပြန်တွေးတိုင်းဘာမှပြန်မရလည်းကျေနပ်တယ်...
ဘဝဆိုတာ..အမှန်ကန်ဆုံးတွေသာစုဝေးနေဖို့တောင်းဆိုနေတတ်လို့ ....
ကိုယ်ကများများပြန်ရချင်လေများများဆုံးရှူံးတယ်လို့ခံစားရလေပါဘဲ...
တစ်ခါတစ်ရံပျားတုတ်ခြင်းကပျားရည်ထက်တောင်ပိုကောင်းနေတတ်သေးတာ...
တကယ်ချစ်ထိုက်တဲ့သူကိုချစ်ရတာရယ်...
တကယ်လုပ်ထိုက်တဲ့အလုပ်ကိုလုပ်ရတာရယ်...
ဒီနှစ်ခုရှိနေတာနဲ့တင် ဘဝဟာတန်ပါပြီ....."
🍀အရမ်းကိုကောင်းတဲ့စာသားလေးပါ။ကျွန်မကတော့ဒီစာသားလေး‌တွေကို အရမ်းကြိုက်တယ်😊
စာဖတ်သူတွေလည်းကြိုက်နှစ်သက်တယ်ဆိုရင်စာရေးဆရာမထက်ထက်ထွန်း(Waterfall)ရေးသားထားတဲ့စိတ်ရဲ့ငြိမ်သက်ခြင်း(Stillness)ကိုဖတ်စေချင်ပါတယ်🍀
———————————————————
📖ဒီBlog ထဲမှာလည်းစာအုပ်ပေါင်းများစွာရဲ့ Review များကို ဝင်ရောက် ဖတ်ရှုနိုပါတယ်ခဗျာ။📖
Myanmar Book Review Blog Link🔻
https://myanmarbookreview.blogspot.com/2019/11/blog-post_5.html
———————————————————
🌿စာအုပ်ကောင်းလေးတွေကိုလည်းနောက်ထပ်မျှဝေပေးမှာမို့Myanmar Book Review PageကိုLike&Followလုပ်ထားပေးပါ​ဗျ။🌿
#စိတ်ရဲ့ငြိမ်သက်ခြင်း #Stillness
#ထက်ထက်ထွန်း #Waterfall
#Myanmarbookreview
📒Book Review📒
စာအုပ်နာမည်-ကျွန်းနှင့်အခြားဝတ္ထုတိုများ
စာရေးဆရာ-ဖေမြင့်
မင်္ဂလာခင်ဗျာ။အခုတဖန် ညွှန်းဆို‌ပေးမယ့်စာအုပ်လေး‌ကတော့ ဆရာ ဖေမြင့် ရဲ့ ကျွန်းနှင့်အခြား ဝတ္ထုတိုများဆိုတဲ့ စာအုပ်‌လေးပါ။စာအုပ်လေးမှာတော့ ဝတ္ထုအလတ် ၂ပုဒ်နဲ့ အတို ၄ပုဒ်ပါပါတယ်။
စာမျက်နှာ-၂၄၃မျက်နှာ ရှိပါတယ်။
မာတိကာ
-ကျွန်း(ဝတ္ထုလတ်)
-ရွှေ(ဝတ္ထုလတ်)
-နောက်ဆုံးတိုက်ပွဲ
-လက်မရွံ
-လူမိုက်ဘတုတ်
-သူဌေးဦးမင်းနိုင် တို့ပါ။
တစ်ခုချင်းဆီကို အနည်းအကျဉ်းစီ ညွှန်းပြပေးချင်ပေမယ့် စာအရမ်းရှည်သွားမှာစိုးလို့ ကျွန်းတစ်ပုဒ်ပဲ ညွှန်းပြပေးလိုက်ပါတယ်။‌ကျန်တာကို‌ေတာ့ စာအုပ်ထဲမှာဆက်လိုက်ရှုစားပါလို့။အပုဒ်တိုင်းက အရမ်းကောင်းပြီး လူတွေမှာ ဖြစ်တတ်တဲ့ သဘောသဘာဝတွေ နဲ့ ဖတ်ပြီးရင်လည်း အတွေးလေးတွေ ကျန်နေစေခဲ့မှာပါ။ဥပမာ ရွှေ‌ဆိုရင်လည်း ရွှေကျင်တဲ့သူတွေရဲ့ လုပ်ကိုင်ပုံ၊ ခံစားချက်နဲ့ငှက်ဖျားရောဂါရဲ့ ပျင်းထန်မှုတွေ ကိုပါ တွေ့ရမှာပါ။
ကဲ စလိုက်ကြရအောင် ခင်ဗျ။
ကျွန်း
ရခိုင်ပြည်ကမ်းရိုးတန်းရှိ အလှပဆုံးကျွန်းတွေထဲမှာ တစ်ခုအပါဝင်ဖြစ်တဲ့ အုန်းကျွန်း ဟာ ကမ်းရိုးတန်းနဲ့ မိုင် လေးဆယ်ကျော် ကွာဝေးပါတယ်။အဲ့ကျွန်းဟာ နွေနဲ့ ဆောင်းမှာတော့ တံငါသည်များအတွက် ငါးဖမ်းထွက်ပြီး စခန်းချရာနေရာတစ်ခုလည်း ဖြစ်ပါတယ်။ လာရောက် စခန်းချ သူတွေ အများအပြားရှိလို့ ‌တချို့ အစားအစာရောင်း ၊အရက်ရောင်း‌တဲ့သူတွေလည်း ရှိကြပါတယ်။ ဒါပေမယ့် မိုးရွာသီ မှာတော့ ဘင်္ဂလားပင်လယ်အော်ထဲမှာ မုန်တိုင်းအမြဲထန်ပြီး ကျွန်းကို အဖျားခိုက် တိုက်လေရှိပါတယ်။ဘယ်သူ့မှ ကျွန်းမှာမနေရဲပါဘူး။ဒါကြောင့် မိုးရွာသီမှာတော့ ကျွန်းကနေ လူတွေ ထွက်ခွာကြပြီး ‌မိုးကုန်မှ ကျွန်းမှာလာရောက် စခန်းချ လုပ်ကိုင်လေ့ရှိပါတယ်။တစ်ချက်က မိုးရွာသီမှာ ဆိုရင်တော့ ဘင်္ဂလားပင်လယ်အော်ကနေ မုန်တိုင်းထန်ပြီး ပျက်စီးတဲ့ သ‌ေင်္ဘာစီကနေ ဆီပေပါတွေ ကုန်တင်ပစ္စည်းအများပြားဟာ အဲ့ကျွန်းမှာ လာရောက် မျောပြီး သောင်တင်ပါတယ်။ ဒါကြောင့် ကမ်းရိုးတန်းနေ လူအများအပြားဟာ မိုးကုန်ရင် သူ့ထက်ငါ ကျွန်းကို အရောက်သွားပြီး ပစ္စည်းတွေ ရှာယူကြလေ့ရှိပါတယ်။
တစ်နေ့မှာ ကျွန်းမှာ အရက်ရောင်းတဲ့ သံလုံးနဲ့ ကျွန်းမှာအလုပ်လာလုပ်တဲ့ ကိုသိန်းတို့ တိုင်ပင်ပြီး မိုးရွာသီတစ်ရာသီလုံးမှာ ကျွန်းမှာနေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ရတဲ့ပစ္စည်းကို တစ်ယောက်တစ်ဝက်ခွဲယူမယ် ဆိုပြီးတော့ပေါ့။ဒီလိုနဲ့ ကျွန်းပေါ်မှာ သူတို့နှစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။
မောင်မောင်သိန်းလို့ခေါ်တဲ့ ကိုသိန်း နဲ့ မြတ်သာလို့ခေါ်တဲ့ သံလုံး တို့ ကျွန်းပေါ်မှာ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ စိတ်ဝင်စားစွာနဲ့ စာအုပ်ထဲမှာ ဆက်လက်ရှုစားပါလို့ ညွှန်းဆိုပါတယ်ခင်ဗျာ။
-ပစ္စည်း‌တွေရလာတဲ့အခါမှာ လူ့လောဘတွေ၊
-အခက်အခဲဖြစ်လို့ကူညီပေးတာဟာ ရက်အတန်ကြာလာတဲ့အခါ ဖြစ်တတ်တဲ့ လူ့စိတ်သဘောထားတွေ ကိုလည်း တွေ့မြင်ရမှာပါ။
ထူးခြားချက်ကတော့ ၆ ပုဒ်လုံးမှာ 5 ပုဒ်က တူညီတဲ့အချက်လေး တစ်ချက်ရှိပါတယ်။ Spoiler မဖြစ်ဘူးနော် တစ်ပုဒ်ကတော့ မတူပါဘူး။ အဲ့တော့
ဘယ်အပုဒ်တွေက တူညီတဲ့အချက်လေးတွေရှိပြီး
ဘယ်အပုဒ်ကတော့ မတူညီတဲ့ တစ်ချက်လေးရှိနေမယ်ဆိုတာက ရင်ခုန်စွာနဲ့ ဖတ်နိုင်ပါတယ်။❤️
📒Book Review📒
စာအုပ်နာမည်-၂၄နှစ်မှာအောင်မြင်သူ John Lee
စာရေးဆရာ-တူဒေး အယ်ဒီတာအဖွဲ့
ဒီတစ်ခါတော့ ဘာသာပြန်စာအုပ်ကောင်းလေးတစ်အုပ်ကို
ညွှန်း‌ဆိုပေးချင်ပါတယ်ခင်ဗျာ။အသက် ၂၄နှစ်နဲ့ Malaysia ဘာသာပြန်လုပ်ငန်းမှာ အောင်မြင်သူ John Lee ကိုယ်တိုင်ရေးသားထားပြီး ၂၀၀၆ ခုနှစ်မှာထွက်ရှိထားတဲ့ Great By 24 စာအုပ်လေးပဲ ဖြစ်ပါတယ်။ မြန်မာဘာသာသို့ ပြန်ဆိုသူကတော့ တူဒေးစာအုပ်တိုက်မှ တူဒေးအယ်ဒီတာအဖွဲ့ ပဲ ဖြစ်ပါတယ် ခင်ဗျာ။
📋John Lee ကတာ့ အသက်၂၀ကျော်အရွယ်မှာတင် အလုပ်အကိုင် စီးပွားရေး အောင်မြင်နေသူ ဖြစ်ပါတယ်။
၂၀၀၃ ခုနှစ်တုန်းမှာ တက္ကသိုလ်အဆာင်က  သူ့ရဲ့အခန်းလေးထဲမှာ မလေးရှားရင်းဂစ် ၂၀ နဲ့စတင်ခဲ့တဲ့ ဘာသာပြန်လုပ်ငန်းလေးဟာ ၂၀၀၆ခုမှာဆိုရင် Epsilon Translation Company တည်ထောင်ပြီးနေခဲ့ပြီး နိုင်ငံပေါင်း ၄၀ကျော်မှာ အလုပ်အပ်သူ‌များစွာ ရှိနေပါပြီ။
📋 ဒီစာအုပ်ဟာ ငယ်ရွယ်ပြီး အောင်မြင်တဲ့လူတစ်ယောက်ကပြောပြထားတဲ့ သူရဲ့လုပ်ငန်းအတွေ့အကြုံ ဘဝအတွေ့အကြုံ၊အခက်အခဲ၊ စိန်ခေါ်မှုတွေကို သူကိုယ်တိုင်ပြောပြနေသလိုမျိုး ခံစားရမှာပါ။
( Motivated ခဏဖြစ်သွားမယ့် ဘာမဆိုအောင်မြင်ပါတယ်၊အောင်မြင်အောင် ဘယ်လိုလုပ် ဆိုပြီး တက်ကျမ်းတွေထက်၊ ငယ်ရွယ်ပြီး အောင်မြင်တဲ့သူတစ်ယောက်ရဲ့ ခြေရာတွေကို လိုက်ကြည့်ရတာ စိတ်ဝင်စားစရာကောင်းပြီး ကောင်းမွန်သော လမ်းကိုလျောက်ဖို့ နည်းလမ်းဖြစ်စေမှာ)
📋ကဲ ဆို‌တော့ စာအုပ်အကြောင်းလေး သွားကြရအောင်
စာအုပ်ကတော့ အခန်း ၁၆ ခန်းပါတယ်။တစ်ခန်းစီတိုင်းမှာ
ကျွန်တော့တို့ သူ့ဆီက အကြံဉာဏ်တွေ အတွေးအခေါ်တွေ ရ‌‌စေမှာ။သူလုပ်ငန်းဘယ်လိုစခဲ့တယ်ကအစ ဘယ်လိုအလုပ်လုပ်တွေအဆုံး သူ့ရဲ့တစ်နေ့တာ အချိန်ဘယ်လို စီမံခန့်ခွဲတယ် ဒါတွေကိုတွေ့ရမှာပါ။
အခန်းတစ်ခန်းချင်းစီရဲ့ အစမှာလည်း
အောင်မြင်ကျော်ကြားတဲ့သူတွေရဲ့ အဆိုအမိန့်တွေလည်း တွေ့ရမှာပါ။အဲ့ထဲက တစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။
"အကြီးမားဆုံး သည်းထိတ်စွန့်စားမှုသည် ဘဝကို
 မိမိစိတ်ကူး အိပ်မက်များအတိုင်း နေထိုင်ခြင်းဖြစ်သည်။"
(Oprah WinFrey)
"ကျွန်တော်တို့ အရမ်းသက်ဝင်လှုပ်ရှားနေရင် ကျွန်တော်တို့ သေသွားတဲ့အခါ သုဘရာဇာကတောင် စိတ်မကာင်းဖြစ်လိမ့်မယ်"
(Mark Twain)
📋အထူးသဖြင့် ဒီစာအုပ်လေးက လူငယ်တွေအတွက် အသက်၂၄ မတိုင်ခင်ဖတ်သင့်တဲ့စာအုပ်ဖြစ်သလို၊စီးပွားရေး လုပ်ကိုင်မဲ့သူတိုင်း လုပ်ကိုင်နေတဲ့သူတိုင်း ဖတ်သင့်တဲ့ စာအုပ်ပဲဖြစ်ပါတယ်။
စာမျက်နှာ ၁၅၅ မျက်နှာ ပါရှိပြီး ကျွန်တော်ကတော့ ၂ ရက်ဖတ်လိုက်ရပါတယ်။
(စာအုပ်ဖတ်ပြီး တစ်ခုခုရသွားလိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ် ခင်ဗျာ။)
စာအုပ်ရရှိမယ့်နေရာများကတော့ WunZin Mobile App မှာ pdf စာအုပ် ဝယ်ဖတ်နိုင်သလို၊ Pann Satt Lann တို့ We Distribution တို့မှာလည်း မေးကြည့် မှာယူနိုင်ပါတယ်ခင်ဗျာ။
———————————————————
📖ဒီBlog ထဲမှာလည်းစာအုပ်ပေါင်းများစွာရဲ့ Review များကို ဝင်ရောက် ဖတ်ရှုနိုပါတယ်ခဗျာ။📖
———————————————————
⚡စာအုပ်ကောင်းလေးတွေကိုလည်းနောက်ထပ်မျှဝေပေးမှာမို့Myanmar Book Review PageကိုLike&Followလုပ်ထားပေးပါ​ဗျ။⚡
#၂၄နှစ်မှာအောင်မြင်သူJohnLee
#JohnLee #GreatBy24
#တူဒေးအယ်ဒီတာအဖွဲ့
#Myanmarbookreview
၂၀၁၈ခုနှစ်အတွက် အမျိုးသားစာပေဆု စာရင်းအပြည့်အစုံ
၂၀၁၈ခုနှစ်အတွက် အမျိုးသားစာပေဆု စာရင်းအပြည့်အစုံ
📚 တစ်သက်တာစာပေဆု
🤵🏼 ဦးတင်မောင်မြင့်
🤵🏼 ဦးထွန်းအောင်ချိန်
📚 ဝတ္ထုရှည်ဆု
✍🏻 ဂျူး ၊ သက်တံ့တို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာ၊ (ဂျူးစာပေ)
📚 ဝတ္ထုတိုပေါင်းချုပ်ဆု
✍🏻 မြစ်ကျိုးအင်း၊ မျှော်လင့်ခြင်းကို မျှားတဲ့ညနေ၊ (မဟာစာပေ)
📚 ကဗျာဆု
✍🏻 ကိုသန်းထွန်း၊ ညဉ့်ပုံပြောသူ၊ (နှစ်ကာလများစာပေ)
📚 စာပဒေသာဆု
✍🏻 မသန်းသန်း (မန်းတက္ကသိုလ် )၊ လေးမြိုင် စာပေသတ္တိနှင့်ရှင်သန်သူ၊ (Wisdom House စာပေ)
📚 ဘာသာပြန် ရသဆု
✍🏻 ဝေယံဘုန်း၊ မိစ္ဆာကျွန်း၊ (ကံ့ကော်ဝတ်ရည်စာပေ)
📚 သုတပဒေသာ ဝိဇ္ဇာဆု
✍🏻 မြဝင်း(ဒသန)၊ ဇော်ဂျီ၏ရသပညာ၊ (ပဥ္စဂံစာပေ)
📚 သုတပဒေသာ အသုံးချသိပ္ပံ
✍🏻 မောင်ကျေးရေ ( ဦးမြင့်သိန်း)၊ မြေအောက်ရေနှင့် ရေအရေးစာစုများ၊ (စိတ်ကူးချိုချိုစာပေ)
📚 နိုင်ငံရေးစာပေဆု
✍🏻 အောင်မြင့်ဦး(မဟာဝိဇ္ဇာ)၊ မြန်မာ့နိုင်ငံရေးသမိုင်းထဲက ပြည်သူ့ရဲဘော်၊ (လောကသစ်စာပေ)
📚 ရသစာပေအက်ဆေးဆု
✍🏻 မင်းချမ်းမွန်၊ သစ်ရွက်ပေါ်က ပျားရည်စက်များ ရသအက်ဆေးစုစည်းမှု၊ (ရှင်မတောင်စာပေ)
📚 အင်္ဂလိပ်ဘာသာ သုတဆု
✍🏻 Kyaw Zwa Moe၊ The Cell Exile And The New Burma,New Myanmar Publishing House.
တို့ဖြစ်ကြပါတယ်။
အမျိုးသားစာပေတစ်သက်တာဆုကို တစ်ဆုလျှင် ဆုငွေ သိန်းငါးဆယ်ကျပ် ချီးမြှင့်မည်ဖြစ်ပြီး
ကျန် အမျိုးသားစာပေဆုများကို ဆုငွေ ၂၅သိန်းကျပ်စီ ချီးမြှင့်သွားမည်ဖြစ်သည်။
#မိုးသားလတ် #စာသမားများ
၁၃.၁၁.၁၉
—————————————
Photo credit- ဦးကြည်ဝင်း(လောကအမွန်)
Writer Credit-မိုးသားလတ်၊စာသမားများ
Video Credit-
https://www.mrtv.gov.mm/mm/news-57544
—————————————
#MyanmarBookReview
#Myanmar_National_Literature_Award_2018
#၂၀၁၈ခုနှစ်အမျိုးသားစာပေဆု
ပျောက်သောလမ်းမှာစမ်းတဝါးဝါး
📖Book Review📖
စာအုပ်အမည် - ပျောက်သောလမ်းမှာစမ်းတဝါးဝါး
စာရေးဆရာမ - မိုးမိုး (အင်းလျား)
🍊ပျောက်သောလမ်းမှာ စမ်းတဝါးဝါး (သို့မဟုတ်)
မြို့ပြမီးအိမ် စာအုပ်လေးကဆရာမရဲ့ ပထမဦးဆုံး လုံးချင်းဝထ္ထု ဖြစ်ပြီးတော့😳 အမျိုးသားစာပေ ဝထ္ထုရှည် ဆုရထားတာပါ။မြန်မာစာပေကိုသုတေသန ပြုနေတဲ့ Yashko Dobashi က ဂျပန်ဘာသာကို ပြန်ဆိုထားပါသေးတယ်။
🍊ဆရာမက မိန်းမများအကြောင်းကိုကျွမ်းကျင်စွာရေးဖွဲ့တတ်တဲ့ စာရေးဆရာမတစ်ယောက်ပါ။ ဒီစာအုပ်ကို သာမန်အားဖြင့်ဖတ်ကြည့်မယ်ဆိုရင်တော့ အိမ်ထောင်ရေးထူထောင်တဲ့နေရာမှာ အားနည်းတဲ့ ပညာတတ် အမျိုးသမီးတစ်ယောက်ရဲ့ ဇာတ်လမ်းလို့တော့ ထင်ကြမှာပါပဲ။ဒါပေမဲ့ သေချာဖတ်ကြည့်မယ်ဆိုရင်တော့ အိမ်ထောင်ရေးတစ်ခုမှာ လောကဓံရဲ့ ဒုက္ခပေါင်းစုံ ကိုခါးစည်းခံပြီး ရင်ဆိုင်နေရတဲ့ အမျိုးသမီးရဲ့ ဇာတ်လမ်းကိုရေးဖွဲ့ထားတာမြင်ရမှာပါ။၊သူမရဲ့လခစားအမျိုးသားရတဲ့ မလောက်မင ဝင်ငွေလေးကို အိမ်စာရိတ်နဲ့ ကုန်စျေးနှုန်းကြား သင့်တင့်အောင် သုံးစွဲနေရတာပါ။
🍊ဆရာမရဲ့ဝထ္ထုက တကယ်ကို သဘာဝကျပါတယ်။ညားခါစ ပညာတတ် လင်မယားနှစ်ယောက် နေစရာအိမ်မရှိလို့ မင်္ဂလာဦးညမှာတောင်သူငယ်ချင်းအိမ်မှာ သွားနေခဲ့ ရတယ်။ တကယ့်လက်တွေ့မှာတော့ ချစ်သူရဲ့ရင်ခွင်က အအေးဒဏ်ကိုတောင်ကာကွယ်မပေးနိုင်ခဲ့ပါဘူး။
🍊ရင်သွေးလေးရခဲ့ပြန်တော့လည်း မိဘတွေနဲ့ ကလေးကခွဲနေခဲ့ရတယ်။ မိန်းမ တစ်ယောက်အနေနဲ့ အိမ်ထောင်ရေးမြဲအောင် ကြိုးစားပြီး တည်ဆောက်နေရတယ်။ အိမ်အသုံးစရိတ်တွေကြောင့် အိမ်ထောင်ရေးအဆင်မပြေပေမဲ့ တခါတလေကျတော့ လည်းကြည်နူးစရာလေးတွေတော့ ရှိတတ်တာပါပဲ။ ဆရာမက ဇာတ်ကောင်တွေထဲစီးမြောပြီးတော့ သူကိုယ်တိုင်တောင်အဆုံးမသတ်တတ်တော့ဘူးလို့ အမှာစာမှာရေးထားခဲ့ပါတယ်။
🍊ကုန်းစျေးနှုန်းက တံခါးလာခေါက်တဲ့အခါမှာ အချစ်ဆိုတာ ပြတင်းပေါက်က ခုန်ဆင်းသွားကြတာပါပဲ🍊
#ပျောက်သောလမ်းမှာစမ်းတဝါးဝါး
#မိုးမိုး(အင်းလျား)
#MyanmarBookReview
နာမကျန်းသည် အိုနှင်းဆီ[ဒုတိယပိုင်း]
Unicode System
📒Book Review📒
စာအုပ်နာမည်-နာမကျန်းသည် အိုနှင်းဆီ[ဒုတိယပိုင်း]
စာရေးဆရာမ-မိုးမိုး(အင်းလျား)
ဆရာမ မိုးမိုး(အင်းလျား)ရဲ့ နာမကျန်းသည် အိုနှင်းဆီ ဆိုတဲ့ ဒုတိယပိုင်းဝထ္ထု လေးမှာဆောင်းတစ်ယောက် အိမ်ကြီးကနေ ထွက်ခွာပြီးနောက် အရင်ကလို စာရောကြိုးစားတော့ရဲ့လား? ကဗျာတွေရောအရူးအမူးရေးတော့ရဲ့လား? စာရောဖတ်ဖြစ်သေးရဲ့လား ?ဆိုတဲ့အတွေးတွေနဲ့ လက်ကမချချင်လောက်အောင်ပါပဲ။ တက္ကသိုလ်ရောက်ကာစ ကျောင်းသူလေးဆောင်းတစ်ယောက် အိမ်ကြီးကနေထွက်လာပြီး နောက်ပိုင်း သူ့ဘဝပန်းချီကားကိုသူကိုယ်တိုင်ပဲ ခြယ်မှုန်းနေရပါတော့တယ် ။
💙အိမ်ကြီးနဲ့ ပတ်သတ်ပြီး သံယောဇဉ် သိပ်မထားတတ်တဲ့ ဆောင်းကတော့ မေမေကလွဲရင် ဘယ်သူ့ကိုမှ မလွမ်းမိ မတမ်းတမိလောက်အောင်ပါပဲ။တက္ကသိုလ်ရောက်နေတဲ့မိန်းကလေးတွေ အပေါင်းအသင်း တွေသာပေါပြီး တကယ်တမ်း သူငယ်ချင်းအစစ်ဆိုတာ ရေရေရာရာ မရှိဘူးဆိုတာကတော့ ဆရာမက တကယ့်လက်တွေ့မှာ ကြုံတွေ့နေကျ အဖြစ်အပျက်တွေကိုအခြေခံပြီး ရေးထားသလိုပါပဲ။
💙မိန်းကလေးတစ်ယောက် အနေအထိုင်အပြုအမူတွေကိုကြည့်ပြီး လိုက်ပြောနေတတ်တဲ့ပတ်ဝန်းကျင်ကို ဂရုမစိုက်ပဲ ဆောင်းရဲ့ပေါ့ပေါ့နေတတ်တဲ့စိတ်က သြချရလောက်အောင်ပါပဲ။ အိမ်ထောင်ကျပြီးနောက်ပိုင်း ကြုံတွေရတဲ့ အိမ်ထောင့်တာဝန်တွေ ၊ လွယ်လွယ်တွေးခဲ့လို့ ခက်ခဲကြမ်းတမ်းတဲ့ ဘဝတွေ ၊အိမ်ထောင်ဖက်နဲ့ မတူတဲ့အမြင်တွေ ၊ လောကကြီးမှာ ဖြစ်တတ်တဲ့ စီးပွားရေးအတက်အကျတွေ အကြပ်အတည်းတွေကို ဆောင်းတစ်ယောက် ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကို ရင်တမောမောနဲ့ ဖတ်ရမှာပါ။
💙ဆရာမရဲ့အရေးအသားကြောင့် ဇာတ်ကောင်နေရာမှာ ကိုယ်ကိုယ်တိုင်ဝင်ပြီးခံစားနေရသလိုပါပဲ။ဆရာမက မလွယ်လှတဲ့ စာရးဆရာဘဝ ၊ အာမခံချက်မရှိ ၊ မဖြူစင်မရိုးဖြောင့်ကြတဲ့ တချို့သောသူတွေရှိနေတဲ့ စာပေလောက အကြောင်းကို ထောင့်စေ့အောင်ရေးသားထားလို့ ဖတ်ရင်းနဲ့မပျင်းရမှာအသေချာပါပဲ။
💙တာဝေးအပြေးပြိုင်ပွဲကို တော်တော်ဝေးဝေးရောက်သည်အထိ ဆင်နွှဲခဲ့မိသူ တစ်ယောက်အနေဖြင့် အောင်ပန်းကိုရယူနိုင်သည်ဖြစ်စေ ၊ မရနိုင်တော့သည်ဖြစ်စေ ပြေးခဲ့ပြီးသောခရီးတာကို နှမြောထောင့်ချင့်သောအားဖြင့် ဆက်၍ပြေးနေမိမည်သာဖြစ်၏။
ဤဘဝကိုစတင်ရချိန်သည် တာထွက်သည့်အချက်ပေး အမှတ်သားအလံကို အောက်သို့စိုက်ချလိုက်ချိန်ပင်ဖြစ်ပါသည်။ ပြေးပါလေတော့။
(ဆောင်းရဲ့ ခံယူချက်ဖြစ်တဲ့ ဒီစာသားလေးက ဝတ္ထုမျက်နှာဖုံးမှာလည်း
ရေးထားပါတယ်)
နာမကျည်းသည်အိုနှင်းဆီ(ပထမပိုင်း)Review Linkလေးပါ.
https://www.facebook.com/105336130821906/posts/147566189932233/
🔷(စာရေးဆရာမ မိုးမိုး(အင်းလျား)ရဲ့ နာမကျန်းသည် အိုနှင်းဆီက အခုပဲ မိုးအေးအေးလေးထဲမှာ ကော်ဖီလေးတစ်ခွက်နဲ့ ဖတ်သင့်နေပါပြီနော်)
အပြင်မှာ စာအုပ်ဝယ်မယ်ဆိုရင်တော့ (ပ+ဒု)ပေါင်း တစ်အုပ်ထဲ ထွက်ပါတယ်နော်📕
#မိုးမိုး(အင်းလျား)#နာမကျန်းသည်အိုနှင်းဆီ
#MyanmarBookReview
Zawgyi font
📒Book Review📒
နာမကျန်းသည် အိုနှင်းဆီ[ပထမပိုင်း]
Unicode System
📒Book Review📒
စာအုပ်နာမည်-နာမကျန်းသည် အိုနှင်းဆီ[ပထမပိုင်း]
စာရေးဆရာမ-မိုးမိုး(အင်းလျား)
💙ဆရာမမိုးမိုး(အင်းလျား)ရဲ့ စာအုပ်တွေက လူနေမှု အဆင့်အတန်းအလွှာမျိုးစုံက လူတွေရဲ့ စိတ်နေသဘောထားတွေကို ရေးသားထားတော့ ဆရာမရဲ့စာအုပ်တွေကို့အရမ်းကြိုက်ခဲ့ရတယ်။ဒီစာအုပ်လေးက ဖတ်ဖူးသမျှ စာအုပ်တွေထဲမှာ အရမ်းကိုတန်ဖိုးရှိတဲ့ စာအုပ်တစ်အုပ် လို့တောင်မြင်မိပါတယ် ။ဖတ်ချင်လွန်းလို့ မှာထားတဲ့စာအုပ်လေး ရောက်တာတောင်မစောင့်နိုင်ပဲ online ကနေ ဖတ်ရတဲ့အထိပါပဲ။လူပြောများနေပေမဲ့ ဝတ္ထုရဲ့အရသာ ပျက်မှာစိုးလို့ အကျဉ်းချုပ်လေးတောင်မမေးမိ review လေးတောင်မဖတ်မိပါဘူး။
(ကျမတို့ Review တွေကို မဖတ်ရသေးသူတွေ Spoilမထိအောင် သေချာလေးဂရုစိုက်ထားပါတယ်)။ဆရာမရေးထားတဲ့ စာအုပ်က ဖတ်ကြည့်လိုက်မှ အနှစ်သာရမရှိဘူးဆိုတဲ့ ခံစားချက်ကိုရမှာမဟုတ်ဘူးဆိုတာကို ကိုယ်တိုင်သိနေလို့ပါပဲ။
💙အဖေ ပေးခဲ့တဲ့ နာမည်လေးမို့ အရမ်းကို တန်ဖိုးထားတတ်တဲ့ ဆောင်းခင် ဆိုတဲ့ မိန်းကလေးက အရွယ်နဲ့မမျှအောင်ကို ဘဝကိုရင်ဆိုင်ခဲ့ရတယ်။ ငယ်ငယ်ကတည်းက ဖခင်ကဆုံးပြီး မိခင်ဖြစ်သူနဲ့ ဝေးကွာခဲ့ရပြီး ဦးလေးနဲ့ အဒေါ်နဲ့ အတူတူနေခဲ့ရတယ်။ခေတ်ပျက်၊၊မီးလောင်တုန်းက ခွဲခွာခဲ့ရတဲ့ အမေ့ကို ဆောင်းခင် စိတ်မနာနိုင်တာအမှန်ပါပဲ။
💙နေ့စဉ်နဲ့အမျှ ဦးလေးနဲ့အဒေါ်ရဲ့ နှိပ်စက်တဲ့ ဒဏ်တွေ ခံခဲ့ရပြီး အဘွားရဲ့ ရင်ခွင်ကိုသာမှီခိုရာအဖြစ် သဘောထားပြီး ငိုကြွေးခဲ့ရတယ်။ အဘွားတစ်ယောက်သာ ဆောင်းကိုချစ်နိုင်မည့်သူ ဟုထင်သည်။
💙အရက်ဝယ်ခိုင်းလို့ မရခဲ့ရင် ရိုက်နှက်တတ်သော ဦးလေးစိန်၊ ဟင်းစားရှာ၍မရလာလျှင် ကြောက်ရသော ဒေါ်လေးရွှေတင်ရဲ့ လက်ခေါက်တွေကြားမှာ ဖြတ်သန်းခဲ့ရတယ်။
💙 အိမ်ကြီးကိုရောက်တဲ့အခါမှာတော့ ပြီးပြည့်စုံ အောင်နေခဲ့ရပေမဲ့ ဟန်ဆောင်မှုတွေနှိမ့်ချမှုတွေ နဲ့ ဆောင်းရဲ့အိမ်မက်တွေဝါသနာတွေကို ထိန်းချုပ်ခံခဲ့ရပြန်တယ်။(Spoil မမိအောင် ဘယ်အိမ်လဲပြောမထားပါ)
💙ဒီစာအုပ်လေးက ရသမျိုးစုံ ပေးနိုင်တဲ့စာအုပ်လေးပါ။
ဝတၳုလးကိုဖတ်ရင်းဆရာမ မိုးမိုး(အင်းလျား)ရဲ့ အရေးအသားကြောင့် ဆောင်းကိုသနားမိတယ်။ ဆောင်းမေမေရဲ့ ဘဝကိုကိုယ်ချင်းစာမိတယ်။ ဆောင်းရဲ့ ပွင့်လင်းမှု၊ ရိုးသားမှု၊ ထက်မြက်မှု တွေ ငယ်ငယ်လေးနဲ့ ကဗျာရေးတာကိုစပြီးစိတ်ဝင်စားကာ ၊ မီးမှိန်မှိန်လေးရဲ့အောက်မှာတိတ်တိတ်လေးစာခိုးဖတ်တတ်တဲ့ဆောင်း။တားမြစ်ထားသည့်ကြားက စာအုပ်လေးတွေ ခိုးဝယ်တတ်တဲ့ဆောင်းကို လေးစားမိတာတော့အမှန်ပါပဲ ။စာရေးဆရာမ ဖြစ်ချင်တဲ့ ရည်မှန်းချက်ကို အပျက်မခံပဲ ပန်းတိုင်ရောက်အောင်အမြဲကြိုးစား တတ်တဲ့ဆောင်းရဲ့ စိတ်ဓာတ်ကို ယနေ့လူငယ်တွေအတုယူသင့်ပါတယ်။
💙 တောမှာနေထိုင်ကြတဲ့ မိန်းကလေးတွေ ပညာမတတ်ကြတော့ငယ်ငယ်လေးနဲ့ အိမ်ထောင်ပြုတတ်ကြပြီး ဘဝကြီးကိုဖြစ်သလိုရုန်းကန်နေကြရတာတွေ က ပညာမတတ်ရင် ဆင်ခြင်ဉာဏ်နည်းကြတာကိုသတိပြုမိလာတယ် အချစ်ဆိုတာ တကယ်တော့ ခဏတာစိတ်ခံစားမှုသက်သက်ဆိုတာကိုလည်းသိလာတယ်။
💙ဆရာမက ကောင်းနိုးရာရာ စာအုပ်လေးတွေဖြစ်တဲ့
📙တက္ကသိုလ်ဘုန်းနိုင်ရဲ့
    သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်
📙ခင်နှင်းယုရဲ့
သစ်ခွပန်း ၊ မိုးကျော်သူ
📙သိန်းသန်းထွန်းရဲ့
မပန်ပါနဲ့ ကြွေချင်တယ် စတဲ့
စာအုပ်တွေကို ဆောင်းဖတ်တဲ့ စာအုပ်လေးတွေအဖြစ် ရေးသားဖော်ပြထားပါသေးတယ်။
💙ဇာတ်ကောင်းတစ်ဦးတည်းရဲ့ ဘဝအကြောင်းကို ဦးစားပေးရေးထားတာမဟုတ်ပဲ ဇာတ်လမ်း ဇာတ်ကွက်ကိုထောင့်စေ့အောင်ရေးသားထားနိုင်ပါတယ်။ ရိုးသားပွင့်လင်းမှုရှိတဲ့ မိန်းကလေးတစ်ယောက် အချစ်နဲ့တွေ့တဲ့အခါမှာ အမူအရာ အပြုအမူ စိတ်နေသဘောထားလေးကအစ ပြောင်းလဲလာတာတွေ မိဘတစ်ယောက်ရဲ့ မေတ္တာ ဂရုဏာ၊ သားသမီးပေါ်မှာ ထားတဲ့ စိတ်ခံစားချက် ၊ သားသမီးကို ပညာတတ်တစ်ယောက်ဖြစ်စေချင်ပြီး စိုးရိမ်တတ်တဲ့ မိဘတစ်ယောက်ရဲ့ ခံစားချက်တွေ နဲ့ဖွဲ့သီထားတဲ့ ဝထ္ထုကောင်းလေးတစ်ပုဒ်ပါပဲ။
🔷(စာရေးဆရာမ မိုးမိုး(အင်းလျား)ရဲ့ နာမကျန်းသည် အိုနှင်းဆီက အခုပဲ မိုးအေးအေးလေးထဲမှာ ကော်ဖီလေးတစ်ခွက်နဲ့ ဖတ်သင့်နေပါပြီနော်)
🔷စာမျက်နှာ-347မျက်နှာပါရှိပါတယ်။
ပုံမှန် ဆရာမရဲ့စာအုပ်အများစုဟာ တိုတိုနဲ့သဘာဝဆန်ဆန်ရေးတတ်ပြီး ဒီဝတ္ထုကတော့ အထူးခြားဆုံးနဲ့
တဝကြီး ဖတ်ရမှာနော်။ကောင်းတာကလည်း မပြီးချင်တော့အောင်ပါပဲ။
🔷ပြီးတော့ ဒီဝတ္ထုက အပိုင်း ၂ပိုင်းထွက်ပါတယ်။
ခု Review က ပထမပိုင်းပါ။ဒုတိယပိုင်းက မကြာခင်မှာ Review ပေးမှာမို့ ပထမပိုင်းစာအုပ်ကို အရင်ဖတ်ထားကြနော်။
#မိုးမိုး(အင်းလျား) #နာမကျန်းသည်အိုနှင်းဆီ
#MyanmarBookReview
Zawgyi Font
📒Book Review📒
#MyanmarBookReview
ညီမလေးကအချစ်ကိုကိုးကွယ်သတဲ့လား
Unicode System
📖Book Review📖
စာအုပ်အမည် - ညီမလေးကအချစ်ကိုကိုးကွယ်သတဲ့လား
စာရေးဆရာမ - မိုးမိုး(အင်းလျား)
🌶🌶စာအုပ်နာမည်လေးကြားလိုက်တာနဲ့ ဖတ်ချင်စရာဖြစ်နေမှာပါ။ ဒီစာအုပ်လေးက ဆယ်ကျော်သက် မောင်လေးတွေ ညီမလေးတွေ ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။
🌶🌶ဆယ်တန်းအောင်ခါစ "စု"တစ်ယောက် သစ်ရွက်လှုပ်တိုင်း စိတ်ကစားတတ်တဲ့ အရွယ်လေးပေါ့။အလှအပလေးကလည်း မက် (တကယ် လည်းလှတာပါပဲ) ငယ်ကလည်း ငယ်တော့ ဘယ်အရာကိုမှ သေသေချာချာ လေးလေးနက်နက် မစဉ်းစားတတ်တာပါပဲ။
🌶🌶စု က ကဗျာတွေ ဝထ္ထုတွေ ဖတ်ပြီး စိတ်လှုပ်ရှားလွယ် စိတ်ကစားလွယ်ပြီး ဒုက္ခရောက်ရတာပေါ့။စာဖတ်လို့ ဒုက္ခရောက်ရတာ မဟုတ်ပေမဲ့ စု တစ်ယောက်ကတော့ အယူမှားသွားတယ်ထင်ပါတယ်။ဘဝတစ်လျှောက်လုံး အရွယ်နဲ့ မလိုက်အောင် နစ်မွန်းခဲ့ရတယ်။
🌶🌶ဖခင်ခမျာ သမီးကိုအရမ်းချစ်ရှာတော့ စိတ်ဆင်းရဲခံပြီး အလိုလိုက်အကြိုက်ဆောင်ခဲ့ပေမဲ့ သမီးကတော့ ၁၅၀၀ဆိုတဲ့ အချစ်ကြောင့် ဖခင် အတွက်တောင် ဘာကိုမှ မတွေးပေးနိုင်တော့ဘူး။ စိတ်ကစားတာကို အချစ်လို့ထင်ခဲ့တော့ အိမ်ထောင်ရေးဆိုတာဘာမှန်းမသိ။ ဖြစ်ချင်တော့ လူရွေးမှားခဲ့ပြန်တာပါပဲ။
🌶🌶လူတစ်ယောက်ကို ပြုပြင်ပေးချင်တဲ့စိတ် နဲ့လက်ထပ်ခဲ့တယ်။ လူတစ်ယောက်ရဲ့ ဗီဇက သေခါမှပျောက်တာပါပဲ။ စုကတော့ သူ့ကိုချစ်ရင် သူပြုပြင်ရင်ရတယ်ဆိုပြီးထင်ခဲ့တော့ အလွဲလွဲအချော်ချော် ဖြစ်ရတယ်။
🌶🌶ဒီစာအုပ်လေးထဲမှာ မိဘရဲ့မေတ္တာတွေ ညီမတစ်ယောက်အပေါ်ထားတဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ မေတ္တာစေတနာတွေ ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျသွားတော့ ပညာတတ်သူငယ်ချင်းတွေကြားမှာ နေထိုင်ရတဲ့ စိတ်ကျဉ်းကြပ်မှုတွေ ကိုပုံဖော်ရေးဖွဲ့ထားတဲ့ ဝထ္ထုအုပ်ကောင်းလေးတစ်အုပ်ပါပဲ။
🌶🌶ဒီစာအုပ်လေးကြောင့် စာဖတ်သူတွေ ပညာရပြီး အရာရာကို တွေးတောဆင်ခြင်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်🌶🌶
#မိုးမိုး(အင်းလျား)
#ညီမလေးကအချစ်ကိုကိုးကွယ်သတဲ့လား
#MyanmarBookReview
Zawgyi Font
📖Book Review📖
#မိုးမိုး(အင်းလျား)
#MyanmarBookReview
ပါးကွက်ကျားဝတ္ထုတိုများ
📖Book Review📖
စာအုပ်နာမည် - ပါးကွက်ကျားဝတ္ထုတိုများ
စာရေးဆရာမ - ခင်ခင်ထူး
🍋🍋ကျွန်မ တစ်ခါမှဝတ္ထုတိုတွေ မဖတ်ဖြစ်ဘူး ။
ဒါပေမဲ့ ပါးကွက်ကျားဆိုတဲ့ ခေါင်းစဉ်လေးကတစ်ကြောင်း ၊ စာအုပ်အရောင်လေးက နံ့သာရောင်လေးဖြစ်နေတာကတစ်ကြောင်း ၊ ဆရာမရဲ့ စာအုပ်တွေဆို ကျေးလက်အရသာ ကျေးလက် ရဲ့အေးချမ်းမှုတွေကို ခံစားမိတာကတစ်ကြောင်းမို့ ဒီစာအုပ်လေးကိုဖတ်ဖြစ်တာပါ ။
တစ်ခါမှစာအုပ်တွေဖတ်ရင် မကြာဖူးဘူး
ဒါပေမဲ့ ဒီစာအုပ်လေးက ဝတ္ထုတိုလေးဆိုတော့ တစ်ပုဒ်ပြီးလိုက် စာအုပ်လေးကို ပစ်ထားလိုက်နဲ့ ဖြစ်နေတာ
စာအုပ်တစ်အုပ်တည်းကို နှစ်ပတ်ကျော်ကျော် လောက် ဖတ်လိုက်ရတယ်
စာအုပ်လေးက မထူပါဘူး အရမ်းကြီးလည်းမပါးဘူး
ခေါင်းစဉ် ၁၄ ခုပဲပါတာ
🍋🍋အလွမ်းတံတား ဆိုတဲ့ ခေါင်းစဉ်မှာ ကိုရွှေအိုးက သူ့မိန်းမ မပုအကြောင်း​ကြွားတာလေးကို ကျွန်မ သိပ်သဘောကျတာပဲ
ဘာတဲ့ ``မပုက ကျုပ်စကားဆို သိပ်နားထောင်တာဗျ ။ကျုပ်ဘာပြောပြော ဘာခိုင်းခိုင်း တချက်ကလေး မညည်းဘူး ။ ထလုပ်ပေးတာ ကျုပ်ကသေဆိုသေ ရှင်ဆိုရှင်ပဲ ´´
သူ့မိန်းမက ပွဲလိုက်ပို့ခိုင်းတာ လိုက်မပို့တော့ မပုက တစ်ယောက်တည်းထွက်သွားတုန်းကဆို ကိုရွှေအိုးခမျာ သုံးမိုင်လောက်ကို တစ်ယောက်တည်း လိုက်သွားရသေးတာ
တစ်ခါ တလေ ချစ်လိုက်ကျပုံများ ဘာပကာသနမှကို ပါတယ်မရှိဘူး အေးချမ်းလိုက်တာ
သဘောထားချင်းမတိုက်ဆိုင်လေး တစ်ခုကြောင့်နဲ့ ဝမ်းနည်းစရာတွေ ရှိလာပြန်တာပါပဲ
🍋🍋ပြီးတော့ ဘူတာရုံဆိုတဲ့ ခေါင်းစဉ်လေးမှာလည်း ဦးကြီးခိုနဲ့ သူ့မိန်းမ ဇာတ်လမ်းလေးက ကြည်နူးဖို့ ဘယ်လောက်ကောင်းသလဲပြောပြမယ်
သူမိန်းမက ``ကိုခိုရယ် မနက်ကျရင် မန္တလေးကိုလိုက်ပြီး ဆေးဝယ်ပေးပါတော် ။ချောင်းတွေဆိုးလွန်းလို့ကျုပ်ရင်တွေ ကွဲရပါတော့မယ်´´
သူနဲ့အဖွားကြီးပေါင်းသင်းလာတာအနှစ်လေးဆယ်ကျော်ပါပြီ ။
မြေးတွေဘယ်နှစ်ယောက်ရှိမှန်းတောင် သူမမှတ်မိတော့ဘူး ။
ဒါပေမဲ့ အဘွားကြီးရဲ့ မျက်ရည်ပေါက်ကလေးတွေက သူ့အသည်းကိုဒေါက်ခနဲ ခေါက်လိုက်သလို
🍋🍋ဆရာမရဲ့စာအုပ်လေးက ဝတ္ထုတိုများဆိုတော့ ဇာတ်လမ်းတွေက အမျိုးမျိုးပေါ့
တချို့ ခေါင်းစဉ်တွေကို တမိတည်းက မွေးတာတောင် တစိမ်းတွေထက် ပိုစိမ်းနေကြတာတွေ အမွေကို မက်ပြီး မခေါ်မပြောနိုင် ဖြစ်ကြတဲ့ မောင်နှအရင်းအခြာတွေ
ရှေ့မှာတော့ ချစ်ကြပြီး နောက်ကွယ်မှာ တစ်ယောက်နဲ့ တစ်ယောက်မုန်းတာတွေ အမျိုးမျိုးပါပဲ
🍋🍋ကျွန်မ ဝတ္ထုတိုများကတော့
သင်းပျံ့သည့်ရနံ့ရှိချင်မှရှိပါမည်။
ချစ်စရာကောင်းချင်မှ ကောင်းပါလိမ့်မည်။
သို့သော် ပါးပြင်ပေါ်ကပါးကွက်ကျားလေးလို
နေပူခံ၊ လေပူခံ၊ ချွေးဆိုခံသည်ဆိုလျှင်
ကျွန်မကျေနပ်ပါပြီ။
ပါးကွက်ကျားဝတ္ထုတိုများဆိုသည့်
အဓိပ္ပါယ်ကို
သည် သဘောလောက်ရောက်သည်ဆိုလျှင်
ကျွန်မ စုစည်းရကျိုးနပ်ပါပြီ။🍋🍋
#ပါးကွက်ကျားဝတ္ထုတိုများ
#ခင်ခင်ထူး
#KhinKhinHtoo
#MyanmarBookReview
Zawgyi Font
📖Book Review📖
စာအုပျနာမညျ - ပါးကှကျကြားဝတ်ထုတိုမြား
🍋🍋ကြှနျမ တဈခါမှဝတ်ထုတိုတှေ မဖတျဖွဈဘူး ။
ဒါပမေဲ့ ဒီစာအုပျလေးက ဝတ်ထုတိုလေးဆိုတော့ တဈပုဒျပွီးလိုကျ စာအုပျလေးကို ပဈထားလိုကျနဲ့ ဖွဈနတော
🍋🍋ဆရာမရဲ့စာအုပျလေးက ဝတ်ထုတိုမြားဆိုတော့ ဇာတျလမျးတှကေ အမြိုးမြိုးပေါ့
🍋🍋ကြှနျမ ဝတ်ထုတိုမြားကတော့
ပါးကှကျကြားဝတ်ထုတိုမြားဆိုသညျ့
အဓိပ်ပါယျကို
#ပါးကှကျကြားဝတ်ထုတိုမြား
#KhinKhinHtoo
#MyanmarBookReview
ရထားပေါ်ကမိန်းကလေး (The Girl On The Train)
Unicode system
📒Book Review📒
စာအုပ်အမည် - ရထားပေါ်ကမိန်းကလေး
                   (The Girl On The Train)
စာရေးဆရာ - ချမ်းမြေ့ဝင်း (Paula Hawkings)
အားလုံးဘဲမင်္ဂလာပါရှင့်
🌿ကျွန်မအခုမိတ်ဆက်ပေးမယ့်စာအုပ်လေးကတော့အင်္ဂလိပ်စာရေးဆရာမပေါ်လာဟော့လင်း ရေးသားထားပြီး စာရေးဆရာချမ်းမြေ့ဝင်း ဘာသာပြန်ဆိုထားတဲ့"ရထားပေါ်ကမိန်းကလေးစာအုပ်"ဘဲဖြစ်ပါတယ်🌿
🌿ဒီစာအုပ်လေးထဲမှာမိန်းကလေးတစ်ယောက်ရဲ့အချစ်၊သတ္တိတွေကိုဖော်ပြထားပြီး၊လိမ်လည်လှည့်စားမှုတွေကိုနောက်ဆုံးမှာဘယ်လိုအကြောင်းမျိုးကြောင့်သိလိုက်ရမလဲဆိုတာတအံ့တဩနဲ့ဖတ်လိုက်ရပြီးမထင်မှတ်ထားတဲ့စိတ်ကျေနပ်မှုကိုပေးစွမ်းနိုင်တဲ့စာအုပ်ကောင်းလေးတစ်အုပ်ပါ🌿
🌿အချစ်ကြောင့်ဘဝတစ်ခုလုံးပျက်စီးသွားခဲ့တဲ့ရေချယ်ဆိုတဲ့မိန်းကလေးတစ်ယောက်ရဲ့ဘဝအကြောင်း၊လိမ်လည်လှည့်ဖျားတွေနဲ့သာယာနေတဲ့ တစ်ယောက်သောသူရဲ့ အကြောင်းအစရှိတဲ့စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကောင်တွေကိုဘယ်လိုရသမျိုးရအောင်ရေးသားထားပြီးစာဖတ်သူတွေရဲ့ရင်ထဲကိုစူးဝင်သွားစေတဲ့စာအုပ်ကောင်းလေးတစ်အုပ်ပါ🌿
🌿ကျွန်မကတော့ ဒီစာအုပ်လေးကိုအရမ်းကြိုက်တယ်၊ဖတ်လိုက်ရတဲ့အချိန်မှာ ဇာတ်ကောင်နေရာကိုဝင်ခံစားလို့ရအောင်ရေးသားဖော်ပြထားတဲ့အတွက် အရမ်းကိုကောင်းတဲ့စာအုပ်လေးမို့မျှဝေပေးလိုက်ပါတယ်🌿
🌿အချစ်မှာလှည့်ဖျားမှုတွေရှိပြီးနောက်ဆုံးမှာဘယ်လိုမျိုးကြုံတွေ့ရပြီးပြဿနာကိုဖြေရှင်းသွားလဲဆိုတာ၊နောက်ဆုံးမှာမတူတဲ့ခံစားချက်ကိုခံစားသွားရလဲဆိုတာတကယ်ကိုဖော်ပြလို့မတက်အောင်ပါဘဲ🌿
🌿စာအုပ်ကောင်းလေးတွေကိုလည်းနောက်ထပ်မျှဝေပေးမှာမို့Myanmar Book Review PageကိုLike&Followလုပ်ထားပေးပါနော်🌿
#ရထားပေါ်ကမိန်းကလေး
#THE_GIRL_ON_THE_TRAIN
#PAULA_HAWKINS
#ချမ်းမြေ့ဝင်း
#MyanmarBookReview
Zawgyi Font
📒Book Review📒
                   (The Girl On The Train)
#ရထားပေါ်ကမိန်းကလေး
#THE_GIRL_ON_THE_TRAIN
#PAULA_HAWKINS
#ချမ်းမြေ့ဝင်း
#MyanmarBookReview
မုန်း၍မဟူ
📒Book Review📒
စာအုပ်အမည် - မုန်း၍မဟူ
စာရေးဆရာမ - ဂျာနယ်ကျော်မမလေး
🍉ဒီစာအုပ်လေးကို ကျွန်မ ဝယ်ဖတ်တဲ့ အချိန်က ဒွါဒသမ(12) ကြိမ်မြောက် တောင်ထုတ်ဝေပြီးနေပါပြီ။၁၉၅၅ ခုနှစ်ကနေ ၂၀၁၉ထိဆိုရင် နှစ်ပေါင်း ၆၄နှစ်😱ကြာ ဒီစာအုပ်လေးက ရောင်းအားကောင်းနေဆဲပါ။ တရုတ်၊အင်္ဂလိပ်၊ပြင်သစ်၊ရုရှ၊ဥဇဘက် နိုင်ငံတွေက ဘာသာပြန်ရလောက်တဲ့ထိ အရမ်းကောင်းတဲ့စာအုပ်လေးတစ်အုပ်ပါ။
🍉ဝေဝေဆိုတဲ့ ငယ်ငယ်ရွယ်ရွယ် ကောင်မလေးက ဖခင်ရဲ့ ချစ်ရဆုံး အားကိုးရဆုံး သမီးလေးတစ်ယောက်ပါ။အနောက်တိုင်းအရမ်းဆန်တဲ့ ဦးစောဟန်နဲ့ ဝေဝေတို့ရဲ့ အချစ်ဇာတ်လမ်းကတော့ ဝေဝေရဲ့ မေတ္တာလွဲချော်မှုကြောင့်လို့ပဲ မြင်မိပါတယ်။
🍉ဦးစောဟန် ရဲ့ ဝေဝေပေါ်ထားတဲ့ မေတ္တာက တစ်ကိုယ်ကောင်းဆန်တယ် ။ဝေဝေကို အရုပ်ကလေးတစ်ရုပ်လိုသဘောထားပြီး ထားရာနေ စေရာသွားရတယ်။ ဘေးအိမ်ကဖခင် ဆီသွားရင်တောင် အရိပ်တကြည့်ကြည့်ဖြစ်နေတော့ ဝေဝေခမျာ စိတ်ထောင်းကိုယ်ကျေခဲ့ရတယ်။
🔹ဗြိတိသျှတွေကိုမုန်းတဲ့ ဝေဝေအကို ၊
🔹ဗြိတိသျှအစိုးရလက်ထက်၌ အနောက်တိုင်းအရမ်းဆန်သော အရာရှိ ဦးစောဟန်၊
🔹တည်ငြိမ်ပြီး စိတ်သထေားပြည့်ဝတဲ့ ဝေဝေအမ ထားထား၊
🔹သံယောဇဉ်တွေအကုန်ဖြတ်ပြီး အေးချမ်းစွာ တရားအားထုတ်နေတဲ့ မယ်တော်၊
ဇာတ်ကောင်တွေ အကုန်လုံးရဲ့ စိတ်နေသဘောထား တွေကို ထောင့်စေ့အောင် ရေးသားထားတယ်။ဖတ်နေရင်း လက်ကမချချင်အောင် စာဖတ်သူကိုစွဲဆောင်နိုင်တယ်။
🍉စာအုပ်ရဲ့ အရသာပြတ်သွားမှာစိုးလို့ဒီ Review လေး​ကို အစကမရေးဘူးစဉ်းစားထားပေမဲ့ မဖတ်ရသေးတဲ့ သူတွေအတွက် တကယ်ကောင်းတဲ့ စာအုပ်လေးဆိုတာ သိစေချင်လို့ ရေးဖြစ်သွားတာပါ။
#မုန်း_မဟူ
#ဂျာနယ်ကျော်မမလေး
#MyanmarBookReview
Zawgyi Font
📒Book Review📒
စာအုပ်အမည် - မုန်း၍မဟူ
#မုန်း_မဟူ
#ဂျာနယ်ကျော်မမလေး
#MyanmarBookReview
-အောင်မြင်တဲ့စိတ်တန်ခိုးတွန်းအား(-အောင်မြင်တဲ့စိတ်တန်ခိုးတွန်းအား (MOTIVATION))
Unicode System
📒Book Review📒
စာအုပ်အမည်-အောင်မြင်တဲ့စိတ်တန်ခိုးတွန်းအား
                      (MOTIVATION)
စာရေးဆရာ - A.J.Winters
🍀အခုကျွန်မမိတ်ဆက်ပေးမယ့်စာအုပ်လေးကတော့အောင်မြင်တဲ့စိတ်တန်ခိုးတွန်းအား(MOTIVATION)စာအုပ်လေးဘဲဖြစ်ပါတယ်။ဒီစာအုပ်လေးထဲမှာအချက်(၇၇)ချက်ပါပါတယ်။🍀
🍀အချက်(၇၇)ချက်ကကိုယ့်ဘဝမှာဘယ်လိုမျိုးလုပ်ဆောင်ရတာတွေ၊စိတ်ဓာတ်တွေကျဆင်းနေပြီးဘဝကိုအရှုံးပေးချင်အောင်ဖြစ်နေတဲ့ကျွန်တော်တို့လိုလူသားတွေအတွက်ဘယ်လိုမျိုးခွန်အားတွေရရှိအောင်လုပ်ဆောင်ရမလဲဆိုတာကိုဖော်ပြထားပါတယ်။🍀
🍁လုပ်ငန်းခွင်မှာအဆင်မပြေတာတွေ၊စိတ်ဓာတ်တွေကျဆင်းနေတာတွေ၊အဆင်မပြေမှုတွေကြုံတိုင်းအရှုံးပေးချင်လောက်အောင်လောကကြီးကိုစိတ်ပျက်နေတာတွေ၊အဲဒါတွေကိုဘယ်လိုရင်ဆိုင်ဖြတ်ကျော်ရမလဲဆိုတာကိုအသေးစိတ်ဖော်ပြထားပါတယ်။🍁
🍁အရမ်းကိုခက်ခဲ့တဲ့စာသားလေးတွေနဲ့မဟုတ်ဘဲနားလည်လွယ်အောင်အလွယ်တကူစိတ်ကူးထဲပေါ်လာအောင်ရေးသားဖော်ပြထား၍အရမ်းကိုဖတ်လို့ကောင်းတဲ့စာအုပ်လေးတစ်အုပ်ပါ။🍁
🍁ဒီစာအုပ်လေးကို ပန်းဆက်လမ်းကနေပြီးတော့မိတ်ဆွေတစ်ယောက်ကလှမ်းပြီးတော့ လက်ဆောင်ပို့ပေးတာပါ။
စာဖတ်ချစ်ပရိတ်သတ်တွေရော စာအုပ်လေးတွေမှာချင်ရင်လည်း ပန်းဆက်လမ်း ကိုလှမ်းမှာလို့ရပါတယ်နော်🍁
🍀နောက်ထပ်လည်းစာအုပ်ကောင်းလေးတွ‌ေရဲ့reviewလေးတွေကိုတင်ဆက်သွားမှာဖြစ်တဲ့အတွက်Myanmar Book Review Pageကို အလည်လာဖို့ဖိတ်ခေါ်ပါ‌တယ်။🍀
#အောင်မြင်တဲ့စိတ်တန်ခိုးတွန်းအား
#ပန်းဆက်လမ်း
#MOTIVATION
#AJWinters
#MyanmarBookReview
Zawgyi font
📒Book Review📒
                      (MOTIVATION)
စာရေးဆရာ - A.J.Winters
🍀နောက်ထပ်လည်းစာအုပ်ကောင်းလေးတွ‌ရေဲ့reviewလေးတွေကိုတင်ဆက်သွားမှာဖြစ်တဲ့အတွက်Myanmar Book Review Pageကို အလည်လာဖို့ဖိတ်ခေါ်ပါ‌တယ်။🍀
#ပန်းဆက်လမ်း
#MOTIVATION
#AJWinters
#MyanmarBookReview