နာမကျန်းသည် အိုနှင်းဆီ[ပထမပိုင်း]

Unicode System
📒Book Review📒
စာအုပ်နာမည်-နာမကျန်းသည် အိုနှင်းဆီ[ပထမပိုင်း]

စာရေးဆရာမ-မိုးမိုး(အင်းလျား)

💙ဆရာမမိုးမိုး(အင်းလျား)ရဲ့ စာအုပ်တွေက လူနေမှု အဆင့်အတန်းအလွှာမျိုးစုံက လူတွေရဲ့ စိတ်နေသဘောထားတွေကို ရေးသားထားတော့ ဆရာမရဲ့စာအုပ်တွေကို့အရမ်းကြိုက်ခဲ့ရတယ်။ဒီစာအုပ်လေးက ဖတ်ဖူးသမျှ စာအုပ်တွေထဲမှာ အရမ်းကိုတန်ဖိုးရှိတဲ့ စာအုပ်တစ်အုပ် လို့တောင်မြင်မိပါတယ် ။ဖတ်ချင်လွန်းလို့ မှာထားတဲ့စာအုပ်လေး ရောက်တာတောင်မစောင့်နိုင်ပဲ online ကနေ ဖတ်ရတဲ့အထိပါပဲ။လူပြောများနေပေမဲ့ ဝတ္ထုရဲ့အရသာ ပျက်မှာစိုးလို့ အကျဉ်းချုပ်လေးတောင်မမေးမိ review လေးတောင်မဖတ်မိပါဘူး။
(ကျမတို့ Review တွေကို မဖတ်ရသေးသူတွေ Spoilမထိအောင် သေချာလေးဂရုစိုက်ထားပါတယ်)။ဆရာမရေးထားတဲ့ စာအုပ်က ဖတ်ကြည့်လိုက်မှ အနှစ်သာရမရှိဘူးဆိုတဲ့ ခံစားချက်ကိုရမှာမဟုတ်ဘူးဆိုတာကို ကိုယ်တိုင်သိနေလို့ပါပဲ။

💙အဖေ ပေးခဲ့တဲ့ နာမည်လေးမို့ အရမ်းကို တန်ဖိုးထားတတ်တဲ့ ဆောင်းခင် ဆိုတဲ့ မိန်းကလေးက အရွယ်နဲ့မမျှအောင်ကို ဘဝကိုရင်ဆိုင်ခဲ့ရတယ်။ ငယ်ငယ်ကတည်းက ဖခင်ကဆုံးပြီး မိခင်ဖြစ်သူနဲ့ ဝေးကွာခဲ့ရပြီး ဦးလေးနဲ့ အဒေါ်နဲ့ အတူတူနေခဲ့ရတယ်။ခေတ်ပျက်၊၊မီးလောင်တုန်းက ခွဲခွာခဲ့ရတဲ့ အမေ့ကို ဆောင်းခင် စိတ်မနာနိုင်တာအမှန်ပါပဲ။

💙နေ့စဉ်နဲ့အမျှ ဦးလေးနဲ့အဒေါ်ရဲ့ နှိပ်စက်တဲ့ ဒဏ်တွေ ခံခဲ့ရပြီး အဘွားရဲ့ ရင်ခွင်ကိုသာမှီခိုရာအဖြစ် သဘောထားပြီး ငိုကြွေးခဲ့ရတယ်။ အဘွားတစ်ယောက်သာ ဆောင်းကိုချစ်နိုင်မည့်သူ ဟုထင်သည်။

💙အရက်ဝယ်ခိုင်းလို့ မရခဲ့ရင် ရိုက်နှက်တတ်သော ဦးလေးစိန်၊ ဟင်းစားရှာ၍မရလာလျှင် ကြောက်ရသော ဒေါ်လေးရွှေတင်ရဲ့ လက်ခေါက်တွေကြားမှာ ဖြတ်သန်းခဲ့ရတယ်။

💙 အိမ်ကြီးကိုရောက်တဲ့အခါမှာတော့ ပြီးပြည့်စုံ အောင်နေခဲ့ရပေမဲ့ ဟန်ဆောင်မှုတွေနှိမ့်ချမှုတွေ နဲ့ ဆောင်းရဲ့အိမ်မက်တွေဝါသနာတွေကို ထိန်းချုပ်ခံခဲ့ရပြန်တယ်။(Spoil မမိအောင် ဘယ်အိမ်လဲပြောမထားပါ)

💙ဒီစာအုပ်လေးက ရသမျိုးစုံ ပေးနိုင်တဲ့စာအုပ်လေးပါ။
ဝတၳုလးကိုဖတ်ရင်းဆရာမ မိုးမိုး(အင်းလျား)ရဲ့ အရေးအသားကြောင့် ဆောင်းကိုသနားမိတယ်။ ဆောင်းမေမေရဲ့ ဘဝကိုကိုယ်ချင်းစာမိတယ်။ ဆောင်းရဲ့ ပွင့်လင်းမှု၊ ရိုးသားမှု၊ ထက်မြက်မှု တွေ ငယ်ငယ်လေးနဲ့ ကဗျာရေးတာကိုစပြီးစိတ်ဝင်စားကာ ၊ မီးမှိန်မှိန်လေးရဲ့အောက်မှာတိတ်တိတ်လေးစာခိုးဖတ်တတ်တဲ့ဆောင်း။တားမြစ်ထားသည့်ကြားက စာအုပ်လေးတွေ ခိုးဝယ်တတ်တဲ့ဆောင်းကို လေးစားမိတာတော့အမှန်ပါပဲ ။စာရေးဆရာမ ဖြစ်ချင်တဲ့ ရည်မှန်းချက်ကို အပျက်မခံပဲ ပန်းတိုင်ရောက်အောင်အမြဲကြိုးစား တတ်တဲ့ဆောင်းရဲ့ စိတ်ဓာတ်ကို ယနေ့လူငယ်တွေအတုယူသင့်ပါတယ်။

💙 တောမှာနေထိုင်ကြတဲ့ မိန်းကလေးတွေ ပညာမတတ်ကြတော့ငယ်ငယ်လေးနဲ့ အိမ်ထောင်ပြုတတ်ကြပြီး ဘဝကြီးကိုဖြစ်သလိုရုန်းကန်နေကြရတာတွေ က ပညာမတတ်ရင် ဆင်ခြင်ဉာဏ်နည်းကြတာကိုသတိပြုမိလာတယ် အချစ်ဆိုတာ တကယ်တော့ ခဏတာစိတ်ခံစားမှုသက်သက်ဆိုတာကိုလည်းသိလာတယ်။

💙ဆရာမက ကောင်းနိုးရာရာ စာအုပ်လေးတွေဖြစ်တဲ့
📙တက္ကသိုလ်ဘုန်းနိုင်ရဲ့
    သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်
📙ခင်နှင်းယုရဲ့
သစ်ခွပန်း ၊ မိုးကျော်သူ
📙သိန်းသန်းထွန်းရဲ့
မပန်ပါနဲ့ ကြွေချင်တယ် စတဲ့
စာအုပ်တွေကို ဆောင်းဖတ်တဲ့ စာအုပ်လေးတွေအဖြစ် ရေးသားဖော်ပြထားပါသေးတယ်။

💙ဇာတ်ကောင်းတစ်ဦးတည်းရဲ့ ဘဝအကြောင်းကို ဦးစားပေးရေးထားတာမဟုတ်ပဲ ဇာတ်လမ်း ဇာတ်ကွက်ကိုထောင့်စေ့အောင်ရေးသားထားနိုင်ပါတယ်။ ရိုးသားပွင့်လင်းမှုရှိတဲ့ မိန်းကလေးတစ်ယောက် အချစ်နဲ့တွေ့တဲ့အခါမှာ အမူအရာ အပြုအမူ စိတ်နေသဘောထားလေးကအစ ပြောင်းလဲလာတာတွေ မိဘတစ်ယောက်ရဲ့ မေတ္တာ ဂရုဏာ၊ သားသမီးပေါ်မှာ ထားတဲ့ စိတ်ခံစားချက် ၊ သားသမီးကို ပညာတတ်တစ်ယောက်ဖြစ်စေချင်ပြီး စိုးရိမ်တတ်တဲ့ မိဘတစ်ယောက်ရဲ့ ခံစားချက်တွေ နဲ့ဖွဲ့သီထားတဲ့ ဝထ္ထုကောင်းလေးတစ်ပုဒ်ပါပဲ။

🔷(စာရေးဆရာမ မိုးမိုး(အင်းလျား)ရဲ့ နာမကျန်းသည် အိုနှင်းဆီက အခုပဲ မိုးအေးအေးလေးထဲမှာ ကော်ဖီလေးတစ်ခွက်နဲ့ ဖတ်သင့်နေပါပြီနော်)
🔷စာမျက်နှာ-347မျက်နှာပါရှိပါတယ်။
ပုံမှန် ဆရာမရဲ့စာအုပ်အများစုဟာ တိုတိုနဲ့သဘာဝဆန်ဆန်ရေးတတ်ပြီး ဒီဝတ္ထုကတော့ အထူးခြားဆုံးနဲ့
တဝကြီး ဖတ်ရမှာနော်။ကောင်းတာကလည်း မပြီးချင်တော့အောင်ပါပဲ။
🔷ပြီးတော့ ဒီဝတ္ထုက အပိုင်း ၂ပိုင်းထွက်ပါတယ်။
ခု Review က ပထမပိုင်းပါ။ဒုတိယပိုင်းက မကြာခင်မှာ Review ပေးမှာမို့ ပထမပိုင်းစာအုပ်ကို အရင်ဖတ်ထားကြနော်။


#မိုးမိုး(အင်းလျား) #နာမကျန်းသည်အိုနှင်းဆီ
#MyanmarBookReview

Zawgyi Font
📒Book Review📒












#MyanmarBookReview

No comments:

Post a Comment