မုန်း၍မဟူ

📒Book Review📒
စာအုပ်အမည် - မုန်း၍မဟူ

စာရေးဆရာမ - ဂျာနယ်ကျော်မမလေး

🍉ဒီစာအုပ်လေးကို ကျွန်မ ဝယ်ဖတ်တဲ့ အချိန်က ဒွါဒသမ(12) ကြိမ်မြောက် တောင်ထုတ်ဝေပြီးနေပါပြီ။၁၉၅၅ ခုနှစ်ကနေ ၂၀၁၉ထိဆိုရင် နှစ်ပေါင်း ၆၄နှစ်😱ကြာ ဒီစာအုပ်လေးက ရောင်းအားကောင်းနေဆဲပါ။ တရုတ်၊အင်္ဂလိပ်၊ပြင်သစ်၊ရုရှ၊ဥဇဘက် နိုင်ငံတွေက ဘာသာပြန်ရလောက်တဲ့ထိ အရမ်းကောင်းတဲ့စာအုပ်လေးတစ်အုပ်ပါ။

🍉ဝေဝေဆိုတဲ့ ငယ်ငယ်ရွယ်ရွယ် ကောင်မလေးက ဖခင်ရဲ့ ချစ်ရဆုံး အားကိုးရဆုံး သမီးလေးတစ်ယောက်ပါ။အနောက်တိုင်းအရမ်းဆန်တဲ့ ဦးစောဟန်နဲ့ ဝေဝေတို့ရဲ့ အချစ်ဇာတ်လမ်းကတော့ ဝေဝေရဲ့ မေတ္တာလွဲချော်မှုကြောင့်လို့ပဲ မြင်မိပါတယ်။

🍉ဦးစောဟန် ရဲ့ ဝေဝေပေါ်ထားတဲ့ မေတ္တာက တစ်ကိုယ်ကောင်းဆန်တယ် ။ဝေဝေကို အရုပ်ကလေးတစ်ရုပ်လိုသဘောထားပြီး ထားရာနေ စေရာသွားရတယ်။ ဘေးအိမ်ကဖခင် ဆီသွားရင်တောင် အရိပ်တကြည့်ကြည့်ဖြစ်နေတော့ ဝေဝေခမျာ စိတ်ထောင်းကိုယ်ကျေခဲ့ရတယ်။

🔹ဗြိတိသျှတွေကိုမုန်းတဲ့ ဝေဝေအကို ၊
🔹ဗြိတိသျှအစိုးရလက်ထက်၌ အနောက်တိုင်းအရမ်းဆန်သော အရာရှိ ဦးစောဟန်၊
🔹တည်ငြိမ်ပြီး စိတ်သထေားပြည့်ဝတဲ့ ဝေဝေအမ ထားထား၊
🔹သံယောဇဉ်တွေအကုန်ဖြတ်ပြီး အေးချမ်းစွာ တရားအားထုတ်နေတဲ့ မယ်တော်၊

ဇာတ်ကောင်တွေ အကုန်လုံးရဲ့ စိတ်နေသဘောထား တွေကို ထောင့်စေ့အောင် ရေးသားထားတယ်။ဖတ်နေရင်း လက်ကမချချင်အောင် စာဖတ်သူကိုစွဲဆောင်နိုင်တယ်။

🍉စာအုပ်ရဲ့ အရသာပြတ်သွားမှာစိုးလို့ဒီ Review လေး​ကို အစကမရေးဘူးစဉ်းစားထားပေမဲ့ မဖတ်ရသေးတဲ့ သူတွေအတွက် တကယ်ကောင်းတဲ့ စာအုပ်လေးဆိုတာ သိစေချင်လို့ ရေးဖြစ်သွားတာပါ။

#မုန်း_မဟူ
#ဂျာနယ်ကျော်မမလေး
#MyanmarBookReview

Zawgyi Font
📒Book Review📒
စာအုပ္အမည္ - မုန္း၍မဟူ
စာေရးဆရာမ - ဂ်ာနယ္ေက်ာ္မမေလး

🍉ဒီစာအုပ္ေလးကို ကြၽန္မ ဝယ္ဖတ္တဲ့ အခ်ိန္က ဒြါဒသမ(12) ႀကိမ္ေျမာက္ ေတာင္ထုတ္ေဝၿပီးေနပါၿပီ။၁၉၅၅ ခုႏွစ္ကေန ၂၀၁၉ထိဆိုရင္ ႏွစ္ေပါင္း ၆၄ႏွစ္😱ၾကာ ဒီစာအုပ္ေလးက ေရာင္းအားေကာင္းေနဆဲပါ။ တ႐ုတ္၊အဂၤလိပ္၊ျပင္သစ္၊႐ုရွ၊ဥဇဘက္ နိုင္ငံေတြက ဘာသာျပန္ရေလာက္တဲ့ထိ အရမ္းေကာင္းတဲ့စာအုပ္ေလးတစ္အုပ္ပါ။

🍉ေဝေဝဆိုတဲ့ ငယ္ငယ္႐ြယ္႐ြယ္ ေကာင္မေလးက ဖခင္ရဲ႕ ခ်စ္ရဆုံး အားကိုးရဆုံး သမီးေလးတစ္ေယာက္ပါ။အေနာက္တိုင္းအရမ္းဆန္တဲ့ ဦးေစာဟန္နဲ႕ ေဝေဝတို႔ရဲ႕ အခ်စ္ဇာတ္လမ္းကေတာ့ ေဝေဝရဲ႕ ေမတၱာလြဲေခ်ာ္မႈေၾကာင့္လို႔ပဲ ျမင္မိပါတယ္။

🍉ဦးေစာဟန္ ရဲ႕ ေဝေဝေပၚထားတဲ့ ေမတၱာက တစ္ကိုယ္ေကာင္းဆန္တယ္ ။ေဝေဝကို အ႐ုပ္ကေလးတစ္႐ုပ္လိုသေဘာထားၿပီး ထားရာေန ေစရာသြားရတယ္။ ေဘးအိမ္ကဖခင္ ဆီသြားရင္ေတာင္ အရိပ္တၾကည့္ၾကည့္ျဖစ္ေနေတာ့ ေဝေဝခမ်ာ စိတ္ေထာင္းကိုယ္ေက်ခဲ့ရတယ္။

🔹ၿဗိတိသွ်ေတြကိုမုန္းတဲ့ ေဝေဝအကို ၊
🔹ၿဗိတိသွ်အစိုးရလက္ထက္၌ အေနာက္တိုင္းအရမ္းဆန္ေသာ အရာရွိ ဦးေစာဟန္၊
🔹တည္ၿငိမ္ၿပီး စိတ္သေထားျပည့္ဝတဲ့ ေဝေဝအမ ထားထား၊
🔹သံေယာဇဥ္ေတြအကုန္ျဖတ္ၿပီး ေအးခ်မ္းစြာ တရားအားထုတ္ေနတဲ့ မယ္ေတာ္၊

ဇာတ္ေကာင္ေတြ အကုန္လုံးရဲ႕ စိတ္ေနသေဘာထား ေတြကို ေထာင့္ေစ့ေအာင္ ေရးသားထားတယ္။ဖတ္ေနရင္း လက္ကမခ်ခ်င္ေအာင္ စာဖတ္သူကိုစြဲေဆာင္နိုင္တယ္။

🍉စာအုပ္ရဲ႕ အရသာျပတ္သြားမွာစိုးလို႔ဒီ Review ေလး​ကို အစကမေရးဘူးစဥ္းစားထားေပမဲ့ မဖတ္ရေသးတဲ့ သူေတြအတြက္ တကယ္ေကာင္းတဲ့ စာအုပ္ေလးဆိုတာ သိေစခ်င္လို႔ ေရးျဖစ္သြားတာပါ။

#မုန္း_မဟူ
#ဂ်ာနယ္ေက်ာ္မမေလး
#MyanmarBookReview

No comments:

Post a Comment