ရထားပေါ်ကမိန်းကလေး (The Girl On The Train)

Unicode system
📒Book Review📒
စာအုပ်အမည် - ရထားပေါ်ကမိန်းကလေး
                   (The Girl On The Train)
စာရေးဆရာ - ချမ်းမြေ့ဝင်း (Paula Hawkings)

အားလုံးဘဲမင်္ဂလာပါရှင့်
🌿ကျွန်မအခုမိတ်ဆက်ပေးမယ့်စာအုပ်လေးကတော့အင်္ဂလိပ်စာရေးဆရာမပေါ်လာဟော့လင်း ရေးသားထားပြီး စာရေးဆရာချမ်းမြေ့ဝင်း ဘာသာပြန်ဆိုထားတဲ့"ရထားပေါ်ကမိန်းကလေးစာအုပ်"ဘဲဖြစ်ပါတယ်🌿

🌿ဒီစာအုပ်လေးထဲမှာမိန်းကလေးတစ်ယောက်ရဲ့အချစ်၊သတ္တိတွေကိုဖော်ပြထားပြီး၊လိမ်လည်လှည့်စားမှုတွေကိုနောက်ဆုံးမှာဘယ်လိုအကြောင်းမျိုးကြောင့်သိလိုက်ရမလဲဆိုတာတအံ့တဩနဲ့ဖတ်လိုက်ရပြီးမထင်မှတ်ထားတဲ့စိတ်ကျေနပ်မှုကိုပေးစွမ်းနိုင်တဲ့စာအုပ်ကောင်းလေးတစ်အုပ်ပါ🌿

🌿အချစ်ကြောင့်ဘဝတစ်ခုလုံးပျက်စီးသွားခဲ့တဲ့ရေချယ်ဆိုတဲ့မိန်းကလေးတစ်ယောက်ရဲ့ဘဝအကြောင်း၊လိမ်လည်လှည့်ဖျားတွေနဲ့သာယာနေတဲ့ တစ်ယောက်သောသူရဲ့ အကြောင်းအစရှိတဲ့စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကောင်တွေကိုဘယ်လိုရသမျိုးရအောင်ရေးသားထားပြီးစာဖတ်သူတွေရဲ့ရင်ထဲကိုစူးဝင်သွားစေတဲ့စာအုပ်ကောင်းလေးတစ်အုပ်ပါ🌿

🌿ကျွန်မကတော့ ဒီစာအုပ်လေးကိုအရမ်းကြိုက်တယ်၊ဖတ်လိုက်ရတဲ့အချိန်မှာ ဇာတ်ကောင်နေရာကိုဝင်ခံစားလို့ရအောင်ရေးသားဖော်ပြထားတဲ့အတွက် အရမ်းကိုကောင်းတဲ့စာအုပ်လေးမို့မျှဝေပေးလိုက်ပါတယ်🌿

🌿အချစ်မှာလှည့်ဖျားမှုတွေရှိပြီးနောက်ဆုံးမှာဘယ်လိုမျိုးကြုံတွေ့ရပြီးပြဿနာကိုဖြေရှင်းသွားလဲဆိုတာ၊နောက်ဆုံးမှာမတူတဲ့ခံစားချက်ကိုခံစားသွားရလဲဆိုတာတကယ်ကိုဖော်ပြလို့မတက်အောင်ပါဘဲ🌿

🌿စာအုပ်ကောင်းလေးတွေကိုလည်းနောက်ထပ်မျှဝေပေးမှာမို့Myanmar Book Review PageကိုLike&Followလုပ်ထားပေးပါနော်🌿

#ရထားပေါ်ကမိန်းကလေး
#THE_GIRL_ON_THE_TRAIN
#PAULA_HAWKINS
#ချမ်းမြေ့ဝင်း
#MyanmarBookReview

Zawgyi Font
📒Book Review📒
                   (The Girl On The Train)







#ရထားပေါ်ကမိန်းကလေး
#THE_GIRL_ON_THE_TRAIN
#PAULA_HAWKINS
#ချမ်းမြေ့ဝင်း
#MyanmarBookReview

No comments:

Post a Comment