ညီမလေးကအချစ်ကိုကိုးကွယ်သတဲ့လား

Unicode System
📖Book Review📖
စာအုပ်အမည် - ညီမလေးကအချစ်ကိုကိုးကွယ်သတဲ့လား

စာရေးဆရာမ - မိုးမိုး(အင်းလျား)

🌶🌶စာအုပ်နာမည်လေးကြားလိုက်တာနဲ့ ဖတ်ချင်စရာဖြစ်နေမှာပါ။ ဒီစာအုပ်လေးက ဆယ်ကျော်သက် မောင်လေးတွေ ညီမလေးတွေ ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။

🌶🌶ဆယ်တန်းအောင်ခါစ "စု"တစ်ယောက် သစ်ရွက်လှုပ်တိုင်း စိတ်ကစားတတ်တဲ့ အရွယ်လေးပေါ့။အလှအပလေးကလည်း မက် (တကယ် လည်းလှတာပါပဲ) ငယ်ကလည်း ငယ်တော့ ဘယ်အရာကိုမှ သေသေချာချာ လေးလေးနက်နက် မစဉ်းစားတတ်တာပါပဲ။

🌶🌶စု က ကဗျာတွေ ဝထ္ထုတွေ ဖတ်ပြီး စိတ်လှုပ်ရှားလွယ် စိတ်ကစားလွယ်ပြီး ဒုက္ခရောက်ရတာပေါ့။စာဖတ်လို့ ဒုက္ခရောက်ရတာ မဟုတ်ပေမဲ့ စု တစ်ယောက်ကတော့ အယူမှားသွားတယ်ထင်ပါတယ်။ဘဝတစ်လျှောက်လုံး အရွယ်နဲ့ မလိုက်အောင် နစ်မွန်းခဲ့ရတယ်။

🌶🌶ဖခင်ခမျာ သမီးကိုအရမ်းချစ်ရှာတော့ စိတ်ဆင်းရဲခံပြီး အလိုလိုက်အကြိုက်ဆောင်ခဲ့ပေမဲ့ သမီးကတော့ ၁၅၀၀ဆိုတဲ့ အချစ်ကြောင့် ဖခင် အတွက်တောင် ဘာကိုမှ မတွေးပေးနိုင်တော့ဘူး။ စိတ်ကစားတာကို အချစ်လို့ထင်ခဲ့တော့ အိမ်ထောင်ရေးဆိုတာဘာမှန်းမသိ။ ဖြစ်ချင်တော့ လူရွေးမှားခဲ့ပြန်တာပါပဲ။

🌶🌶လူတစ်ယောက်ကို ပြုပြင်ပေးချင်တဲ့စိတ် နဲ့လက်ထပ်ခဲ့တယ်။ လူတစ်ယောက်ရဲ့ ဗီဇက သေခါမှပျောက်တာပါပဲ။ စုကတော့ သူ့ကိုချစ်ရင် သူပြုပြင်ရင်ရတယ်ဆိုပြီးထင်ခဲ့တော့ အလွဲလွဲအချော်ချော် ဖြစ်ရတယ်။

🌶🌶ဒီစာအုပ်လေးထဲမှာ မိဘရဲ့မေတ္တာတွေ ညီမတစ်ယောက်အပေါ်ထားတဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ မေတ္တာစေတနာတွေ ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျသွားတော့ ပညာတတ်သူငယ်ချင်းတွေကြားမှာ နေထိုင်ရတဲ့ စိတ်ကျဉ်းကြပ်မှုတွေ ကိုပုံဖော်ရေးဖွဲ့ထားတဲ့ ဝထ္ထုအုပ်ကောင်းလေးတစ်အုပ်ပါပဲ။

🌶🌶ဒီစာအုပ်လေးကြောင့် စာဖတ်သူတွေ ပညာရပြီး အရာရာကို တွေးတောဆင်ခြင်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်🌶🌶

#မိုးမိုး(အင်းလျား)
#ညီမလေးကအချစ်ကိုကိုးကွယ်သတဲ့လား
#MyanmarBookReview

Zawgyi Font
📖Book Review📖
စာအုပ္အမည္ - ညီမေလးကအခ်စ္ကိုကိုးကြယ္သတဲ့   
စာေရးဆရာမ - မိုးမိုး(အင္းလ်ား)

🌶🌶စာအုပ္နာမည္ေလးၾကားလိုက္တာနဲ႕ ဖတ္ခ်င္စရာျဖစ္ေနမွာပါ။ ဒီစာအုပ္ေလးက ဆယ္ေက်ာ္သက္ ေမာင္ေလးေတြ ညီမေလးေတြ ဖတ္သင့္တဲ့ စာအုပ္တစ္အုပ္လည္း ျဖစ္ပါတယ္။

🌶🌶ဆယ္တန္းေအာင္ခါစ "စု"တစ္ေယာက္ သစ္႐ြက္လႈပ္တိုင္း စိတ္ကစားတတ္တဲ့ အ႐ြယ္ေလးေပါ့။အလွအပေလးကလည္း မက္ (တကယ္ လည္းလွတာပါပဲ) ငယ္ကလည္း ငယ္ေတာ့ ဘယ္အရာကိုမွ ေသေသခ်ာခ်ာ ေလးေလးနက္နက္ မစဥ္းစားတတ္တာပါပဲ။

🌶🌶စု က ကဗ်ာေတြ ဝထၳဳေတြ ဖတ္ၿပီး စိတ္လႈပ္ရွားလြယ္ စိတ္ကစားလြယ္ၿပီး ဒုကၡေရာက္ရတာေပါ့။စာဖတ္လို႔ ဒုကၡေရာက္ရတာ မဟုတ္ေပမဲ့ စု တစ္ေယာက္ကေတာ့ အယူမွားသြားတယ္ထင္ပါတယ္။ဘဝတစ္ေလွ်ာက္လုံး အ႐ြယ္နဲ႕ မလိုက္ေအာင္ နစ္မြန္းခဲ့ရတယ္။

🌶🌶ဖခင္ခမ်ာ သမီးကိုအရမ္းခ်စ္ရွာေတာ့ စိတ္ဆင္းရဲခံၿပီး အလိုလိုက္အႀကိဳက္ေဆာင္ခဲ့ေပမဲ့ သမီးကေတာ့ ၁၅၀၀ဆိုတဲ့ အခ်စ္ေၾကာင့္ ဖခင္ အတြက္ေတာင္ ဘာကိုမွ မေတြးေပးနိုင္ေတာ့ဘူး။ စိတ္ကစားတာကို အခ်စ္လို႔ထင္ခဲ့ေတာ့ အိမ္ေထာင္ေရးဆိုတာဘာမွန္းမသိ။ ျဖစ္ခ်င္ေတာ့ လူေ႐ြးမွားခဲ့ျပန္တာပါပဲ။

🌶🌶လူတစ္ေယာက္ကို ျပဳျပင္ေပးခ်င္တဲ့စိတ္ နဲ႕လက္ထပ္ခဲ့တယ္။ လူတစ္ေယာက္ရဲ႕ ဗီဇက ေသခါမွေပ်ာက္တာပါပဲ။ စုကေတာ့ သူ႕ကိုခ်စ္ရင္ သူျပဳျပင္ရင္ရတယ္ဆိုၿပီးထင္ခဲ့ေတာ့ အလြဲလြဲအေခ်ာ္ေခ်ာ္ ျဖစ္ရတယ္။

🌶🌶ဒီစာအုပ္ေလးထဲမွာ မိဘရဲ႕ေမတၱာေတြ ညီမတစ္ေယာက္အေပၚထားတဲ့ ညီအစ္ကိုေမာင္ႏွမေတြရဲ႕ ေမတၱာေစတနာေတြ ငယ္ငယ္႐ြယ္႐ြယ္နဲ႕အိမ္ေထာင္က်သြားေတာ့ ပညာတတ္သူငယ္ခ်င္းေတြၾကားမွာ ေနထိုင္ရတဲ့ စိတ္က်ဥ္းၾကပ္မႈေတြ ကိုပုံေဖာ္ေရးဖြဲ႕ထားတဲ့ ဝထၳဳအုပ္ေကာင္းေလးတစ္အုပ္ပါပဲ။

🌶🌶ဒီစာအုပ္ေလးေၾကာင့္ စာဖတ္သူေတြ ပညာရၿပီး အရာရာကို ေတြးေတာဆင္ျခင္နိုင္ၾကမယ္လို႔ ေမွ်ာ္လင့္ပါတယ္🌶🌶

#မိုးမိုး(အင္းလ်ား)
#ညီမေလးကအခ်စ္ကိုကိုးကြယ္သတဲ့လား
#MyanmarBookReview

No comments:

Post a Comment