မည်သို့ပင်ဖြစ်စေ

Book Review📒
စာအုပ်အမည် - မည်သို့ပင်ဖြစ်စေ
စာရေးဆရာ - ဖေမြင့်



🍀အခုမိတ်ဆက်ပေးမယ့် စာအုပ်လေးကတော့စာရေးဆရာဖေမြင့်ရဲ့"မည်သို့ပင်ဖြစ်စေ"စာအုပ်လေးဘဲဖြစ်ပါတယ်🍀

🍀ဒီစာအုပ်လေးကိုဖတ်နေတဲ့အချိန်မှာ2019တုန်းကဖတ်ခဲ့တဲ့ စာရေးဆရာမလူစ်းဝပ်စ်ဟေစ်းရဲ့စာအုပ်လေးကို သွားသတိရမိတယ်။အကြောင်းအရာတွေကမတူညီပေမဲ့ ပေးချင်တဲ့ရည်ရွယ်ချက်ကတော့သွားတူနေတာပါ။🍀

🍀စာအုပ်လေးထဲမှာထဲတော့ စိတ်ဓာတ်ကျတာတွေကိုဘယ်လိုပြုပြင်ရမလဲ!ကျရှူံးမှုတွေရှိခဲ့ရင်တောင် အောင်မြင်မှုခြေလှမ်းကိုဘယ်လိုလျှောက်လှမ်းရမလဲ! ဆိုတာကို သာဓကလေးတွေနဲ့ပြသွားတာတွေ၊ psychologyနဲ့ဆိုင်တဲ့စိတ်ကျန်းမာရေးအကြောင်း‌တွေကိုလည်း ဗဟုသုတအနေနဲ့ ရေးသားဖော်ပြထားပါတယ်။🍀

🍀အခက်ခဲတစ်ခုကြုံတိုင်းလက်လျော့နေရင်ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်မှာမဟုတ်တော့ပါဘူး။တစ်ခါတစ်လေ ကျွန်တော်တို့စိတ်ကတစ်ခုခုကိုအလိုမကျတာလည်းဖြစ်တတ်တယ်။အဲ့လိုတွေဖြစ်နေတဲ့အချိန်ကျရင်ဘယ်လိုမျိုးအကောင်းဆုံးလုပ်ဆောင်ရမလဲ ၊ ကိုယ့်အတွက်ဘယ်ကိစ္စကအရေးကြီးတယ် ၊ ဘယ်လိုချိန်တွေမှာအကောင်းဆုံးဖြစ်အောင်လုပ်ဆောင်နိုင်ရမလဲ ဆိုတာကို သာဓကတွေနဲ့ရှင်းလင်းအောင် ရေးသားဖော်ပြထားပါတယ်။🍀

🍀ဒီစာအုပ်လေးကိုဖတ်နေတဲ့အချိန်မှာကျွန်တော့်ရဲ့စိတ်လည်းလုံးဝကိုရှင်းလင်းသွားပါတယ်။ကိုယ်တိုင်ကလည်း တစ်ခါတစ်ရံ အဲ့လိုလေးတွေဖြစ်တတ်တဲ့အတွက် ဘယ်လိုမျိုးလုပ်ဆောင်ရမလဲ ဆိုတာသိသွားတဲ့အတွက် လုံးဝကိုကောင်းတဲ့စာအုပ်လေးတစ်အုပ်ပါပဲ။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကိုလည်းရေးသားဖော်ပြထားတဲ့အတွက် လုံးဝကို ဖတ်သင့်တဲ့စာအုပ်လေးတစ်အုပ်ပါ။🍀

🍀အရမ်းကောင်းတဲ့စာအုပ်လေးမို့ စာဖတ်သူတို့လည်းဒီလိုမျိုးစာအုပ်လေးကိုဖတ်ရှုဖို့တိုက်တွန်းပါရစေနော်။ နောက်နောင်လည်းreviewစာအုပ်ကောင်းလေးတွေကိုရေးသားသွားမှာဖြစ်တဲ့အတွက် Myanmar Book Review pageကို like&shareလေးလုပ်သွားပေးပါအုံးနော်။🍀

#မည်သို့ပင်ဖြစ်စေ
#ဖေမြင့်
#myanmarbookreview


No comments:

Post a Comment