စိတ်ရဲ့ငြိမ်သက်ခြင်း

 📒Book Review📒

စာအုပ်နာမည်-စိတ်ရဲ့ငြိမ်သက်ခြင်း(Stillness)စ

စာရေးဆရာမ- ထက်ထက်ထွန်း(Waterfall)



အခုမိတ်ဆက်ပေးမယ့်စာအုပ်လေးကတော့ စာရေးဆရာမထက်ထက်ထွန်း(Waterfall)ရဲ့စိတ်ရဲ့ငြိမ်သက်ခြင်း(Stillness)စာအုပ်လေးဖြစ်ပါတယ်...


 🍀ဒီစာအုပ်လေးကို စာရေးဆရာမကိုယ်တိုင်ကပြောထားတာကတော့ "တစ်ချို့ကဒီစာအုပ်ဖတ်ဖူးတဲ့သူတွေကျတော့ကဗျာလို့လည်းပြောကြတယ်၊ တစ်ချို့ကဝတ္ထုလို့ခေါ်ကျတယ်၊ကျွန်မကတော့ဒီစာအုပ်လေးကကဗျာလည်းမဟုတ် ဝတ္ထုလည်းမဟုတ်ဘူးလို့မြင်မိပါတယ်၊ဒါကကျွန်မရဲ့အမြင်ပေါ့နော်"


🍀ဒီစာအုပ်လေးကိုဖတ်နေတဲ့အချိန်လေးမှာ ကျွန်မရဲ့စိတ်တွေကလုံးဝလွတ်လပ်ပြီးပေါ့ပါးနေတယ်။ပြီးတော့ဘဝမှာ ကိုယ်တကယ်လိုချင်ခဲ့တာတွေက ဘာတွေလည်းဆိုတာသိလာခဲ့ရတယ်။ကျွန်မတို့တွေကကိုယ့်ရဲ့စိတ်ကိုပြန်မေးဖို့ မေ့နေတက်ကျတယ်။ဘာတွေကိုအဓိကလိုချင်ကြလဲဆိုတာကိုပေါ့...🍀


🍀တကယ်တော့ ကိုယ့်ရဲ့စိတ်ကိုငြိမ်းချမ်းအောင်ထားနိုင်မှုလေးကိုက လုံးဝကိုအကျိုးရှိစေပါတယ်။ ကိုယ်တစ်ကယ်လိုချင်တဲ့အရာတွေကရော ဘာကြောင့်လိုချင်နေတာလဲဆိုတာကိုပါသိလာခဲ့ရတယ်။ လုံးဝကိုစိတ်ကပေါ့ပေါ့ပါးပါးလေးနဲ့ဖြစ်နေတာ။ဒီစာအုပ်လေးကိုဖတ်နေရတဲ့အချိန်မှာပေါ့🍀


🍀ဒီစာအုပ်လေးထဲကအကြောင်းရာတစ်ချို့ကိုရေးသားဖော်ပြထားမယ်နော်...

"စိတ်ထားအကောင်းဆုံးနဲ့ချစ်လိုက်တဲ့အချစ်ရယ်

စိတ်ထားအကောင်းဆုံးနဲ့လုပ်လိုက်တဲ့အလုပ်ရယ်...

ဒီနှစ်ခုကိုပြန်တွေးတိုင်းဘာမှပြန်မရလည်းကျေနပ်တယ်...


ဘဝဆိုတာ..အမှန်ကန်ဆုံးတွေသာစုဝေးနေဖို့တောင်းဆိုနေတတ်လို့ ....

ကိုယ်ကများများပြန်ရချင်လေများများဆုံးရှူံးတယ်လို့ခံစားရလေပါဘဲ...


တစ်ခါတစ်ရံပျားတုတ်ခြင်းကပျားရည်ထက်တောင်ပိုကောင်းနေတတ်သေးတာ...

တကယ်ချစ်ထိုက်တဲ့သူကိုချစ်ရတာရယ်...

တကယ်လုပ်ထိုက်တဲ့အလုပ်ကိုလုပ်ရတာရယ်...

ဒီနှစ်ခုရှိနေတာနဲ့တင် ဘဝဟာတန်ပါပြီ....."


🍀အရမ်းကိုကောင်းတဲ့စာသားလေးပါ။ကျွန်မကတော့ဒီစာသားလေး‌တွေကို အရမ်းကြိုက်တယ်😊

စာဖတ်သူတွေလည်းကြိုက်နှစ်သက်တယ်ဆိုရင်စာရေးဆရာမထက်ထက်ထွန်း(Waterfall)ရေးသားထားတဲ့စိတ်ရဲ့ငြိမ်သက်ခြင်း(Stillness)ကိုဖတ်စေချင်ပါတယ်🍀

———————————————————

📖ဒီBlog ထဲမှာလည်းစာအုပ်ပေါင်းများစွာရဲ့ Review များကို ဝင်ရောက် ဖတ်ရှုနိုပါတယ်ခဗျာ။📖


Myanmar Book Review Blog Link🔻

https://myanmarbookreview.blogspot.com/2019/11/blog-post_5.html

———————————————————

🌿စာအုပ်ကောင်းလေးတွေကိုလည်းနောက်ထပ်မျှဝေပေးမှာမို့Myanmar Book Review PageကိုLike&Followလုပ်ထားပေးပါ​ဗျ။🌿


#စိတ်ရဲ့ငြိမ်သက်ခြင်း #Stillness

#ထက်ထက်ထွန်း #Waterfall

#Myanmarbookreview

No comments:

Post a Comment