နာမကျန်းသည် အိုနှင်းဆီ[ဒုတိယပိုင်း]

Unicode System
📒Book Review📒
စာအုပ်နာမည်-နာမကျန်းသည် အိုနှင်းဆီ[ဒုတိယပိုင်း]

စာရေးဆရာမ-မိုးမိုး(အင်းလျား)

ဆရာမ မိုးမိုး(အင်းလျား)ရဲ့ နာမကျန်းသည် အိုနှင်းဆီ ဆိုတဲ့ ဒုတိယပိုင်းဝထ္ထု လေးမှာဆောင်းတစ်ယောက် အိမ်ကြီးကနေ ထွက်ခွာပြီးနောက် အရင်ကလို စာရောကြိုးစားတော့ရဲ့လား? ကဗျာတွေရောအရူးအမူးရေးတော့ရဲ့လား? စာရောဖတ်ဖြစ်သေးရဲ့လား ?ဆိုတဲ့အတွေးတွေနဲ့ လက်ကမချချင်လောက်အောင်ပါပဲ။ တက္ကသိုလ်ရောက်ကာစ ကျောင်းသူလေးဆောင်းတစ်ယောက် အိမ်ကြီးကနေထွက်လာပြီး နောက်ပိုင်း သူ့ဘဝပန်းချီကားကိုသူကိုယ်တိုင်ပဲ ခြယ်မှုန်းနေရပါတော့တယ် ။

💙အိမ်ကြီးနဲ့ ပတ်သတ်ပြီး သံယောဇဉ် သိပ်မထားတတ်တဲ့ ဆောင်းကတော့ မေမေကလွဲရင် ဘယ်သူ့ကိုမှ မလွမ်းမိ မတမ်းတမိလောက်အောင်ပါပဲ။တက္ကသိုလ်ရောက်နေတဲ့မိန်းကလေးတွေ အပေါင်းအသင်း တွေသာပေါပြီး တကယ်တမ်း သူငယ်ချင်းအစစ်ဆိုတာ ရေရေရာရာ မရှိဘူးဆိုတာကတော့ ဆရာမက တကယ့်လက်တွေ့မှာ ကြုံတွေ့နေကျ အဖြစ်အပျက်တွေကိုအခြေခံပြီး ရေးထားသလိုပါပဲ။

💙မိန်းကလေးတစ်ယောက် အနေအထိုင်အပြုအမူတွေကိုကြည့်ပြီး လိုက်ပြောနေတတ်တဲ့ပတ်ဝန်းကျင်ကို ဂရုမစိုက်ပဲ ဆောင်းရဲ့ပေါ့ပေါ့နေတတ်တဲ့စိတ်က သြချရလောက်အောင်ပါပဲ။ အိမ်ထောင်ကျပြီးနောက်ပိုင်း ကြုံတွေရတဲ့ အိမ်ထောင့်တာဝန်တွေ ၊ လွယ်လွယ်တွေးခဲ့လို့ ခက်ခဲကြမ်းတမ်းတဲ့ ဘဝတွေ ၊အိမ်ထောင်ဖက်နဲ့ မတူတဲ့အမြင်တွေ ၊ လောကကြီးမှာ ဖြစ်တတ်တဲ့ စီးပွားရေးအတက်အကျတွေ အကြပ်အတည်းတွေကို ဆောင်းတစ်ယောက် ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကို ရင်တမောမောနဲ့ ဖတ်ရမှာပါ။

💙ဆရာမရဲ့အရေးအသားကြောင့် ဇာတ်ကောင်နေရာမှာ ကိုယ်ကိုယ်တိုင်ဝင်ပြီးခံစားနေရသလိုပါပဲ။ဆရာမက မလွယ်လှတဲ့ စာရးဆရာဘဝ ၊ အာမခံချက်မရှိ ၊ မဖြူစင်မရိုးဖြောင့်ကြတဲ့ တချို့သောသူတွေရှိနေတဲ့ စာပေလောက အကြောင်းကို ထောင့်စေ့အောင်ရေးသားထားလို့ ဖတ်ရင်းနဲ့မပျင်းရမှာအသေချာပါပဲ။

💙တာဝေးအပြေးပြိုင်ပွဲကို တော်တော်ဝေးဝေးရောက်သည်အထိ ဆင်နွှဲခဲ့မိသူ တစ်ယောက်အနေဖြင့် အောင်ပန်းကိုရယူနိုင်သည်ဖြစ်စေ ၊ မရနိုင်တော့သည်ဖြစ်စေ ပြေးခဲ့ပြီးသောခရီးတာကို နှမြောထောင့်ချင့်သောအားဖြင့် ဆက်၍ပြေးနေမိမည်သာဖြစ်၏။
ဤဘဝကိုစတင်ရချိန်သည် တာထွက်သည့်အချက်ပေး အမှတ်သားအလံကို အောက်သို့စိုက်ချလိုက်ချိန်ပင်ဖြစ်ပါသည်။ ပြေးပါလေတော့။
(ဆောင်းရဲ့ ခံယူချက်ဖြစ်တဲ့ ဒီစာသားလေးက ဝတ္ထုမျက်နှာဖုံးမှာလည်း
ရေးထားပါတယ်)

နာမကျည်းသည်အိုနှင်းဆီ(ပထမပိုင်း)Review Linkလေးပါ.
https://www.facebook.com/105336130821906/posts/147566189932233/

🔷(စာရေးဆရာမ မိုးမိုး(အင်းလျား)ရဲ့ နာမကျန်းသည် အိုနှင်းဆီက အခုပဲ မိုးအေးအေးလေးထဲမှာ ကော်ဖီလေးတစ်ခွက်နဲ့ ဖတ်သင့်နေပါပြီနော်)
အပြင်မှာ စာအုပ်ဝယ်မယ်ဆိုရင်တော့ (ပ+ဒု)ပေါင်း တစ်အုပ်ထဲ ထွက်ပါတယ်နော်📕

#မိုးမိုး(အင်းလျား)#နာမကျန်းသည်အိုနှင်းဆီ
#MyanmarBookReview

Zawgyi font
📒Book Review📒
စာအုပ္နာမည္-နာမက်န္းသည္ အိုႏွင္းဆီ[ဒုတိယပိုင္း]
စာေရးဆရာမ-မိုးမိုး(အင္းလ်ား)

ဆရာမ မိုးမိုး(အင္းလ်ား)ရဲ႕ နာမက်န္းသည္ အိုႏွင္းဆီ ဆိုတဲ့ ဒုတိယပိုင္းဝထၳဳ ေလးမွာေဆာင္းတစ္ေယာက္ အိမ္ႀကီးကေန ထြက္ခြာၿပီးေနာက္ အရင္ကလို စာေရာႀကိဳးစားေတာ့ရဲ႕လား? ကဗ်ာေတြေရာအ႐ူးအမူးေရးေတာ့ရဲ႕လား? စာေရာဖတ္ျဖစ္ေသးရဲ႕လား ?ဆိုတဲ့အေတြးေတြနဲ႕ လက္ကမခ်ခ်င္ေလာက္ေအာင္ပါပဲ။ တကၠသိုလ္ေရာက္ကာစ ေက်ာင္းသူေလးေဆာင္းတစ္ေယာက္ အိမ္ႀကီးကေနထြက္လာၿပီး ေနာက္ပိုင္း သူ႕ဘဝပန္းခ်ီကားကိုသူကိုယ္တိုင္ပဲ ျခယ္မႈန္းေနရပါေတာ့တယ္ ။

💙အိမ္ႀကီးနဲ႕ ပတ္သတ္ၿပီး သံေယာဇဥ္ သိပ္မထားတတ္တဲ့ ေဆာင္းကေတာ့ ေမေမကလြဲရင္ ဘယ္သူ႕ကိုမွ မလြမ္းမိ မတမ္းတမိေလာက္ေအာင္ပါပဲ။တကၠသိုလ္ေရာက္ေနတဲ့မိန္းကေလးေတြ အေပါင္းအသင္း ေတြသာေပါၿပီး တကယ္တမ္း သူငယ္ခ်င္းအစစ္ဆိုတာ ေရေရရာရာ မရွိဘူးဆိုတာကေတာ့ ဆရာမက တကယ့္လက္ေတြ႕မွာ ႀကဳံေတြ႕ေနက် အျဖစ္အပ်က္ေတြကိုအေျခခံၿပီး ေရးထားသလိုပါပဲ။

💙မိန္းကေလးတစ္ေယာက္ အေနအထိုင္အျပဳအမူေတြကိုၾကည့္ၿပီး လိုက္ေျပာေနတတ္တဲ့ပတ္ဝန္းက်င္ကို ဂ႐ုမစိုက္ပဲ ေဆာင္းရဲ႕ေပါ့ေပါ့ေနတတ္တဲ့စိတ္က ၾသခ်ရေလာက္ေအာင္ပါပဲ။ အိမ္ေထာင္က်ၿပီးေနာက္ပိုင္း ႀကဳံေတြရတဲ့ အိမ္ေထာင့္တာဝန္ေတြ ၊ လြယ္လြယ္ေတြးခဲ့လို႔ ခက္ခဲၾကမ္းတမ္းတဲ့ ဘဝေတြ ၊အိမ္ေထာင္ဖက္နဲ႕ မတူတဲ့အျမင္ေတြ ၊ ေလာကႀကီးမွာ ျဖစ္တတ္တဲ့ စီးပြားေရးအတက္အက်ေတြ အၾကပ္အတည္းေတြကို ေဆာင္းတစ္ေယာက္ ဘယ္လိုရင္ဆိုင္သြားမလဲဆိုတာကို ရင္တေမာေမာနဲ႕ ဖတ္ရမွာပါ။

💙ဆရာမရဲ႕အေရးအသားေၾကာင့္ ဇာတ္ေကာင္ေနရာမွာ ကိုယ္ကိုယ္တိုင္ဝင္ၿပီးခံစားေနရသလိုပါပဲ။ဆရာမက မလြယ္လွတဲ့ စာရးဆရာဘဝ ၊ အာမခံခ်က္မရွိ ၊ မျဖဴစင္မရိုးေျဖာင့္ၾကတဲ့ တခ်ိဳ႕ေသာသူေတြရွိေနတဲ့ စာေပေလာက အေၾကာင္းကို ေထာင့္ေစ့ေအာင္ေရးသားထားလို႔ ဖတ္ရင္းနဲ႕မပ်င္းရမွာအေသခ်ာပါပဲ။

💙တာေဝးအေျပးၿပိဳင္ပြဲကို ေတာ္ေတာ္ေဝးေဝးေရာက္သည္အထိ ဆင္ႏႊဲခဲ့မိသူ တစ္ေယာက္အေနျဖင့္ ေအာင္ပန္းကိုရယူနိုင္သည္ျဖစ္ေစ ၊ မရနိုင္ေတာ့သည္ျဖစ္ေစ ေျပးခဲ့ၿပီးေသာခရီးတာကို ႏွေျမာေထာင့္ခ်င့္ေသာအားျဖင့္ ဆက္၍ေျပးေနမိမည္သာျဖစ္၏။
ဤဘဝကိုစတင္ရခ်ိန္သည္ တာထြက္သည့္အခ်က္ေပး

No comments:

Post a Comment