ပျောက်သောလမ်းမှာစမ်းတဝါးဝါး

📖Book Review📖
စာအုပ်အမည် - ပျောက်သောလမ်းမှာစမ်းတဝါးဝါး

စာရေးဆရာမ - မိုးမိုး (အင်းလျား)

🍊ပျောက်သောလမ်းမှာ စမ်းတဝါးဝါး (သို့မဟုတ်)
မြို့ပြမီးအိမ် စာအုပ်လေးကဆရာမရဲ့ ပထမဦးဆုံး လုံးချင်းဝထ္ထု ဖြစ်ပြီးတော့😳 အမျိုးသားစာပေ ဝထ္ထုရှည် ဆုရထားတာပါ။မြန်မာစာပေကိုသုတေသန ပြုနေတဲ့ Yashko Dobashi က ဂျပန်ဘာသာကို ပြန်ဆိုထားပါသေးတယ်။

🍊ဆရာမက မိန်းမများအကြောင်းကိုကျွမ်းကျင်စွာရေးဖွဲ့တတ်တဲ့ စာရေးဆရာမတစ်ယောက်ပါ။ ဒီစာအုပ်ကို သာမန်အားဖြင့်ဖတ်ကြည့်မယ်ဆိုရင်တော့ အိမ်ထောင်ရေးထူထောင်တဲ့နေရာမှာ အားနည်းတဲ့ ပညာတတ် အမျိုးသမီးတစ်ယောက်ရဲ့ ဇာတ်လမ်းလို့တော့ ထင်ကြမှာပါပဲ။ဒါပေမဲ့ သေချာဖတ်ကြည့်မယ်ဆိုရင်တော့ အိမ်ထောင်ရေးတစ်ခုမှာ လောကဓံရဲ့ ဒုက္ခပေါင်းစုံ ကိုခါးစည်းခံပြီး ရင်ဆိုင်နေရတဲ့ အမျိုးသမီးရဲ့ ဇာတ်လမ်းကိုရေးဖွဲ့ထားတာမြင်ရမှာပါ။၊သူမရဲ့လခစားအမျိုးသားရတဲ့ မလောက်မင ဝင်ငွေလေးကို အိမ်စာရိတ်နဲ့ ကုန်စျေးနှုန်းကြား သင့်တင့်အောင် သုံးစွဲနေရတာပါ။

🍊ဆရာမရဲ့ဝထ္ထုက တကယ်ကို သဘာဝကျပါတယ်။ညားခါစ ပညာတတ် လင်မယားနှစ်ယောက် နေစရာအိမ်မရှိလို့ မင်္ဂလာဦးညမှာတောင်သူငယ်ချင်းအိမ်မှာ သွားနေခဲ့ ရတယ်။ တကယ့်လက်တွေ့မှာတော့ ချစ်သူရဲ့ရင်ခွင်က အအေးဒဏ်ကိုတောင်ကာကွယ်မပေးနိုင်ခဲ့ပါဘူး။

🍊ရင်သွေးလေးရခဲ့ပြန်တော့လည်း မိဘတွေနဲ့ ကလေးကခွဲနေခဲ့ရတယ်။ မိန်းမ တစ်ယောက်အနေနဲ့ အိမ်ထောင်ရေးမြဲအောင် ကြိုးစားပြီး တည်ဆောက်နေရတယ်။ အိမ်အသုံးစရိတ်တွေကြောင့် အိမ်ထောင်ရေးအဆင်မပြေပေမဲ့ တခါတလေကျတော့ လည်းကြည်နူးစရာလေးတွေတော့ ရှိတတ်တာပါပဲ။ ဆရာမက ဇာတ်ကောင်တွေထဲစီးမြောပြီးတော့ သူကိုယ်တိုင်တောင်အဆုံးမသတ်တတ်တော့ဘူးလို့ အမှာစာမှာရေးထားခဲ့ပါတယ်။

🍊ကုန်းစျေးနှုန်းက တံခါးလာခေါက်တဲ့အခါမှာ အချစ်ဆိုတာ ပြတင်းပေါက်က ခုန်ဆင်းသွားကြတာပါပဲ🍊

#ပျောက်သောလမ်းမှာစမ်းတဝါးဝါး
#မိုးမိုး(အင်းလျား)
#MyanmarBookReview

No comments:

Post a Comment