ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်

Unicode System
📒Book Review📒
စာအုပ်နာမည်-ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်
စာရေးဆရာမ-ခင်ခင်ထူး
ပထမဦးဆုံးအနေနဲ့
"ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်"
မဂ္ဂဇင်းဝတ္ထုရှည်ဟာ မဟေသီမဂ္ဂဇင်းမှာအခန်းဆက်
ဝတ္ထုရှည်အဖြစ် တစ်နှစ်နီးပါးဖော်ပြခဲ့တဲ့ ဝတ္ထုဖြစ်ပါတယ်။
🔷ဆရာမ ခင်ခင်ထူးဟာ အညာကျေးလက်ဒေသတွေရဲ့
ပုံရိပ်ကို ပုံဖော်ရေးသားရာမှာလည်း စာဖတ်သူရဲ့ စိတ်ကူးအာရုံထဲကို မြင်ယောင်အောင်ထိရေးသားတတ်သူတစ်ဦးပါ။
ဒီ ဝတ္ထုမှာတော့ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြားရှိ ကျွန်းဆယ့်နှစ်ရွာရဲ့ ကျေးလက်ဒေသ ဓလေ့သာမက ၊အရိုးခိုက်အောင်စွဲလမ်းကြသည့် ကျေးလက်နတ်ယုံကြည်မှုများကို
လွမ်းဆွတ်တမ်းသဖွယ်အချစ်ပုံရိပ် နဲ့အတူ မြင်တွေ့ရမှာပါ။
🔷"ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်''ဝတ္ထုမှာ
ဧရာဝတီမြစ်ဆိပ်ကမ်းရွာတစ်ရွာဖြစ်သည့် မြေတော်ရွာ၏
အနောက်မြောက်ယွန်းယွန်းရှိ ဖြုံဖူးရွာမှာ ဇာတ်စတည်ထားပါတယ်။ဖြုံဖူးရွာ နှင့် အနီးနားရွာများသည် တပေါင်းလကိုကြီးကျော်နတ်ပွဲကို နှစ်စဉ်မပျက်မကွက်သွားလေ့ရှိသည့်ဓလေ့ကို ဒီဝတ္ထုအစမှာ ဖြုံဖူးသူ'ခင်နှောင်း' ၊အကိုဖြစ်သူ 'အမောင်လေး' မနက်စောစောထပြီး ပြင်ဆင်ပုံကစထားပါတယ်။
အမောင်လေး။    ။''ဟဲ့ခင်နှောင်း...ရွာက ဘယ်သူ့လှည်းတွေ ထွက်ကြမှာသဲ့တုံး...နင်ကြားလား''
ခင်နှောင်း။     ။''ကျုပ်ကြားသလောက်ဖြင့် မနက်ခင်းလိုက်မယ့် လှည်းတွေက ကိုကြီးသာမောင်တို့လှည်းရယ်...ကြီးငြိမ်းစံတို့ လှည်းရယ်...ဦးဘတုတ်တို့လှည်းရယ်...မောင်ကြီးအောင်ရ တို့လှည်းရယ် ပြီးတော့ အဲ မခင်သိုင်းတို့ လှည်းရယ်...ဒါပဲကြားသယ်...မဖူးငုံတို့ လှည်းတာ့ ညနေကျမှထွက်မယ် ကြားသာပဲ...''
အမောင်လေး။    ။''နင့်ကို ငါက ဖူးငုံတို့လှည်း ထွက်မထွက်
မေးနေသာ မှုတ်ဖူး ကတည်းမှ''
ကျေးလက်ရဲ ပြောဆိုပုံတွေ ကို ပါ မြင်တွေ့ရမှာပါ။
(ဖတ်ရှုရမှာပါလို့ မရေးတော့ဘူး၊မျက်လုံးထဲထိ ပုံရိပ်တွေ
မြင်ရမှာမို့ မြင်တွေ့ရမှာပါလို့ ရေးလိုက်ပါတယ်။)
ထို့နောက် ဖြုံဖူးရွာရဲ့ နတ်ချင်းသံတွေ လော်စပီကာနဲ့ဖွင့်သံတွေကိုလည်း ''နတ်ချင်းများနဲ့''မြင်တွေ့ရမှာပါ။
ကိုကြီးကျော်နတ်ပွဲယုံကြည်မှုများနဲ့ နတ်ပွဲသွားလာကြပုံကို တကယ်အပြင်မှာ သွားနေသလိုမျိုးထိ ရောက်သွားပါလိမ့်မယ်။

🔷'ခင်နှောင်း'တို့ကိုကြီးကျော်နတ်ပွဲသွားရင်း ထန်းတောရွာ 'ကိုကျီးညို' နဲ့ဘယ်လို တွေ့ဆုံသွားမလဲ ဘာတွေဆက်ဖြစ်မလဲ ဆိုတာလည်း စိတ်ဝင်စားစရာဖြစ်သလို..
အမောင်ကြီး ကြိတ်ကြွေနေတဲ့ တစ်ရွာသူကွမ်းတောင်ကိုင်
'မဖူးငုံ'နဲ့ရော 'အမောင်ကြီး'နဲ့ဘယ်လိုတွေဆက်ဖြစ်ကြမလဲ..
စသဖြင့် စိတ်ဝင်စားစရာကောင်းလှသည့် အချစ်ဇာတ်လမ်းလေးနဲ့အတူ( ဖြုံဖူးရွာ) ကျေးလက်ဒေသရဲ့ ရိုးသားမှု၊ကိုကြီးကျော် နတ်ပွဲယုံကြည်မှုတွေ့ကို တွေ့မြင်ရမှာမို့ အခုပဲစာအုပ်ဆိုင်ကိုပြေးပြီး ဝယ်ဖတ်သင့်ထဲမှာပါသလို ဖတ်ပြီးလည်း ပြန်ဖတ်ချင်စေတဲ့ စာအုပ်ထဲမှာပါပါတယ်။📙
ဖတ်ပြီးသွားတဲ့စာဖတ်ပရိသတ်တွေရော ဘာလေးတွေကြိုက်ပြီး ရင်ထဲထိသွားလည်း ပြောခဲ့ပါအုံး။🗨
စာမျက်နှာ=၂၄၀မျက်နှာ ပါရှိပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
(နောက်ထပ် Book Review လေးတွေလာမှာမို့ Pageကို Like & Follow လေး လုပ်သွားနိုင်ပါတယ်နော်)
#ခင်ခင်ထူး #ဝတ်လဲတော်ရွှေပုဆိုးတန်းထိုးလို့ကြိုမယ်
#MyanmarBookReview
Zawgyi Font

No comments:

Post a Comment