လက်ဆောင်
Unicode System
📒Book Review📒
စာအုပ်နာမည်- လက်ဆောင်
စာရေးဆရာ-မိုးရှင်း(IMT)
စာအုပ်ရဲ့ အစနဲ့ နောက်ဖုံးမှာတော့
"ပျော်ရွင်မှုဆိုတာ အဆင်သင့်လုပ်ပြီးသား အရာတစ်ခုမဟုတ်ပါဘူး။ပျော်ရွင်မှုဟာ သင့်ရဲ့ အပြုအမူတွေက ပေါက်ဖွားလာတာဖြစ်ပါတယ်။ Dalai Lama''ဆိုပြီး ရေးသားထားပါတယ်။
စာရေးဆရာ မိုးရှင်း(IMT)ကတော့ ''တစ်နေ့မှာ ၂၄နာရီရှိတယ်။ ၈နာရီခန့်က အိပ်တယ်။ကျန်တဲ့လက်ကျန်နာရီတွေမှာ အချိန်တိုင်းလိုလို သင်တစ်ခုမဟုတ် တစ်ခု တွေးနေလေ့ရှိပါတယ်။သင့်ရဲ့အတွေး၊သင့်ရဲ့စိတ်က သင့်ကို ဦးဆောင်နေတာဖြစ်ပါတယ်။သင်စိတ်ချမ်းသာနေရင် သင့်ရဲ့လုပ်ဆောင်မှုတွေဟာလည်း အဆင်ပြေပြီး သင်စိတ်ဆင်းရဲနေရင်တော့ ဘာလုပ်လုပ် အဆင်မပြေဖြစ်နေတတ်ပါတယ်။ဘဝအတွက် ဒီလောက် အရေးကြီးတဲ့စိတ်ကို အခုချိန်ကစပြီး ဒီစာအုပ်ထဲက နည်းလမ်းတွေနဲ့ ဂရုစိုက်ကြည့်ပါ။ ဒီနည်းလမ်းတွေကို အသုံးချပြီး အရင်ကထက် ပိုသာယာတဲ့ ဘဝလေး ဖန်တီးနိုင်ပါစေလို့''ဆုတောင်းပေးထားပါတယ်။
🔷လက်ဆောင်စာအုပ်ကတော့ စာရေးဆရာပြောထားတဲ့အတိုင်း သာမာန်ဖတ်ပြီးရော စာအုပ်မဟုတ်ပါဘူး။လိုက်လုပ်ဆောင်နိုင်မယ့် နည်းလမ်းလေးတွေရေးထားတဲ့စာအုပ်ပါ။အခန်း တစ်ခန်းချင်းဆီမှာ တွေးခေါ်ပုံနည်းလမ်း၊လုပ်ဆောင်ရန်နည်းလမ်း တွေပါပါတယ်။တကယ် အဲ့နည်းလမ်းတွေ လိုက်လုပ်မယ်ဆိုရင်တော့ ဘဝက တစ်ကယ်ကို သာယာပျော်ရွင်ပါလိမ့်မယ်။
အဲ့တော့ အဲ့နည်းလမ်းတွေကို စာဖတ်သူတို့ရော မသိချင်ကြဘူးလား?Spoil ထိလို့လည်း မဖြစ်ဘူးလေ။တစ်ကယ် အကျိုးရှိချင်ရင် တစ်ကယ်ကို ဘဝမှာ သာယာပျော်ရွင်ချင်တဲ့နည်းလမ်းကောင်းတွေသိချင်တယ်ဆိုရင်တော့ ကဲ အခုပဲစာအုပ်ဆိုင်ပြေး.ဒါမှမဟုတ် Online Book Shop တွေမှာ အမြန်မှာလိုက်တော့နော်။
ကဲ ဆက်မယ်😍
စာမျက်နှာ =134 မျက်နှာ ပါရှိပြီး။
မာတိကာ ၂၀ ပါတယ်နော်📖
(၁)အမှိုက်ထုတ် သီအိုရီ
(၂)အပုပ်နံလာသော အရပ်
(၃)လူတိုင်းသဘောကျဖို့ မလိုဘူး။
(၄)ပြောင်းလဲရဲပါစေ။
(၅)အတိတ်ထဲက ထွက်ခဲ့ပါ။
(၆)ပျော်ရွင်ခြင်း၏ရန်သူ(သို့)Overthinking
(၇)၉၀/၁၀ နိယာမ
(၈)ဦးနှောက်အကြောင်း နည်းနည်းပြောရအောင်
(၉)အထီးကျန်တာ အရမ်းတော့မဆန်းပါ။
(၁၀)ကိုယ့်ကိုယ်ကိုလက်ခံခြင်း
(၁၁)ပျော်ရွင်ခြင်းရဲ့ လျို့ဝှက်ချက်
(၁၂)ဘယ်လောက်ကြာကြာစိတ်ညစ်မလဲ
(၁၃)တက္ကစီဒရိုင်ဘာပေးတဲ့ အတွေးတစ်ခု
(၁၄)ဘယ်အချိန်မှာ ပျော်ဖို့ စဉ်းစားထားလဲ
(၁၅)ငြင်းဆန်ခြင်း အနုပညာ(The Art of No)
(၁၆)ပျော်ရွင်မှုနဲ့ အောင်မြင်မှု
(၁၇)ဒေါသနဲ့အမုန်းတရားတွေလျော့ပါ။
(၁၈)ရောက်တဲ့ဘဝမှာ ပျော်အောင်နေပါ။
(၁၉)အသေးအဖွဲတွေကို အထင်မသေးပါနဲ့။
(၂၀)မိတ်ဆွေအပေါင်းအသင်းဂရုစိုက်ပါ။
📕ဖတ်ပြီးသားသူတွေရော ဘယ်အခန်း ဘယ်နည်းလမ်းကိုကြိုက်ပြီး လိုက်လုပ်ဖြစ်နေလဲ ပြောသွားနော်။
📕မဖတ်ရသေးတဲ့သူတွေလည်း နောက်မကျရအောင် မြန်မြန်သွားဝယ်ဖတ်လိုက်တော့နော်။(စာဖတ်တာ ဝေးနေတဲ့သူဆို ဒီလို စာအုပ်လေးနဲ့ အရင်စဖတ်လိုက်တာအကောင်းဆုံးပဲ)
(နောက်ထပ် Book Review လေးတွေလာမှာမို့ Pageကို Like & Follow လေး လုပ်သွားနိုင်ပါတယ်နော်)
#MoeShin #လက်ဆောင်
#MyanmarBookReview
Zawgyi Font
ကဲ ဆက်မယ်😍
မာတိကာ ၂၀ ပါတယ်နော်📖
(၁)အမှိုက်ထုတ် သီအိုရီ
(၂)အပုပ်နံလာသော အရပ်
(၄)ပြောင်းလဲရဲပါစေ။
(၅)အတိတ်ထဲက ထွက်ခဲ့ပါ။
(၇)၉၀/၁၀ နိယာမ
#MoeShin #လက်ဆောင်
#MyanmarBookReview
No comments:
Post a Comment