အပေတေတစ်ယောက်ရဲ့ ကျောင်းဆင်းချိန်

Unicode System
📒Book Review📒
စာအုပ်အမည်-အပေတေတစ်ယောက်ရဲ့ ကျောင်းဆင်းချိန်

စာရေးဆရာ-သိုးဆောင်း (Thoe Saung)

ဒီစာအုပ‌်လေးကတော့ စာရေးဆရာ သိုးဆောင်းရဲ့ တတိယမြောက်ထွက်ရှိထားခဲ့တဲ့ လုံးချင်းဝတ္ထုလေးဖြစ်ပါတယ်။သိုးဆောင်းရဲ့စာအုပ်တွေက ‌အတွေး‌အခေါ်တွေ လှိုက်ဝှက်ချက်တွေ ပဟေဠိတွေ တော်တော်များများပါလေ့ရှိပြီး စာဖတ်သူကို စ ဖတ်တာနဲ့ အဆုံးထိ ဖတ်ဖို့ ဆွဲခေါ်သွားစေတယ်ဆိုတာကတော့ သိုးဆောင်းရဲ့ အမာခံ fan ပရိသတ်တွေ သိပြီးသားပါ။ဒါကြောင့် ခုမှ စာ စဖတ်မယ် ဆိုတဲ့သူတွေလည်း သိုးဆောင်းစာအုပ်တွေကို အစပြုပြီး ရွေးချယ်သင့်ပါတယ်။(Admin လည်း သိုးဆောင်း ပရိသတ်ပါ🥰)
အခုနောက်ဆုံးထွက်ရှိထားတဲ့စာအုပ်ကတော့"ဤအရပ်တွင် မိုးသည်းထန်စွာရွာခဲ့သည်"ဖြစ်ပြီး"သူ ဘယ်သူလဲ"စာအုပ်ကိုလည်း ဒုတိယကြိမ် ပြန်လည် ထုတ် ဝေထားပါတယ်။
(ခုစာအုပ်ကလည်း ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေပြီးပါပြီနော်)

🔷"အနာဂတ်ကို ကြိုသိအောင် ကြိုးစားနေသူတွေဟာလည်း လောကကြီးကို အဓိပ္ပာယ်မဲ့အောင် ဖန်တီးနေတဲ့ လူတွေပါ"ဗေဒင်ပညာကို ယုံကြည်မှုမရှိသော ရူပါလင်း နှင့်

🔷ကျောင်းမှာ Tarotတားရော့ပညာကို ယုံကြည်တန်ဖိုးထားကာ ကိုယ့်လမ်းကိုယ် လျှောက်နေသော ဖြိုးခေတ် တို့‌ကို
ကံကြမ္မာကစုံဖို့ ဖန်တီးပေးလိုက်တဲ့အခါမှာ

🔷ဖြိုးခေတ်"မင်း မကြာခင် ချစ်သူတစ်ယောက်ရမယ်"
     ရူပါလင်း"မဖြစ်နိုင်လိုက်တာရှင် ကျမက ချစ်သူရမယ်         
     ဟုတ်လား "
      "စာအိတ်ပေါ်မှာ နောက် ၆လအတွက် ရက်စွဲတစ်ခုပါ                                                        တယ် မင်းဘယ်သူ့ဆီမှာ အပ်ထားဖို့ ဆန္ဒရှိတာလဲ"

🔷 အမှန်တရားရဲ့ တခြားတဖက်၌ အမှားမဟုတ်တဲ့ နောက်ထပ် အမှန်တရား ရှိနေတဲ့အခါ ပြိုင်ဆိုင်မှုတွေပြင်းထန်လာပြီး ဘယ်လို အလှည့်အပြောင်းတွေနဲ့ သီအိုရီ ‌တွေ မြင်ရအုံးမလဲ။

🔷ပြီးတော့ နောက်၆လ နေမှ သိရမယ့် စာအိတ်ထဲက ရူပါလင်းရဲ့ ချစ်သူက ရော ဘယ်သူ ဖြစ်မလဲ နဲ့ လှည့်ကွက်တွေရော ရှိအုံးမလား......။

ကဲ သိုးဆောင်းရဲ့ ပရိသတ်တွေကတော့ ဖတ်ပြီးလောက်ပြီထင်တယ်။မဖတ်ရသေးတဲ့သူတွေလည်း ခု ချက်ခြင်းသာစာအုပ်ဆိုင်ကိုအပြေးသွားလိုက်ပါ။ အသစ်‌ထွက်နေတဲ့ သူ ဘယ်သူလဲ(ဒုကြိမ်)နဲ့ "ဤအရပ်တွင် မိုးသည်းထန်စွာရွာခဲ့သည်" စာအုပ်ပါ တစ်ခါတည်း ဝယ်ခဲ့လို့ရတယ်နော်။
Online Book Shop တွေမှာလည်း ဖုန်းတစ်ချက်ဆက်
Messenger မှာ ‌မေးရုံနဲ့ ဝယ်ယူဖတ်ရှုနိုင်ပါပြီနော်။

(နောက်ထပ် Book Review လေးတွေလာမှာမို့ Myanmar Book Review Page ကိုဝင်ရောက်အလည်လာဖို့ ဖိတ်ခေါ်ပါတယ်နော်😍)

#အပေတေတစ်ယောက်ရဲ့ကျောင်းဆင်းချိန်
 #ThoeSaung #သိုးဆောင်း
#MyanmarBookReview

No comments:

Post a Comment