ကိုယ့်ကိုတွင်းမှပါဝါစွမ်းအင် (The Power Is Within You)
📒Book Review📒
စာအုပ်နာမည်-ကိုယ့်ကိုတွင်းမှပါဝါစွမ်းအင်
(The Power Is Within You)
စာရေးဆရာမ-ဒေါက်တာခင်စန်းမော်
အားလုံးပဲမင်္ဂလာပါရှင်
ကျွန်မအခုမိတ်ဆက်ပေးမယ့်စာအုပ်လေးကတော့
"ကိုယ့်ကိုတွင်းမှပါဝါစွမ်းအင်(The Power Is Within You)"
စာရေးဆရာမဒေါက်တာခင်စန်းမော်ဘာသာပြန်ထားတဲ့ လူဝီးစ်အယ်လ်ဟေး(Louise L. Hay)ရဲ့စာအုပ်လေးကိုမိတ်ဆက်ပေးချင်ပါတယ်☘
🍁ကျွန်တော်တို့ကိုယ့်ထဲမှာရှိတဲ့ကိုယ့်ရဲ့ပါဝါစွမ်းအင်ကိုဘယ်လိုအသုံးချရမလဲ။ လက်ရှိကိုယ့်မှဖြစ်နေတဲ့ပြဿနာတွေကကိုယ့်ရဲ့အလုပ်ကြောင့်လားကိုယ့်ရဲ့အတွင်းမှာရှိနေတဲ့စိတ်ကြောင့်လားဆိုတာကိုလည်းရှင်းလင်းစွာပြောပြထားပါတယ်။🍁
🍁အမှန်တကယ်တော့ကျွန်တော်တို့တွေကကိုယ့်ရဲ့စိတ်ကိုသေချာမသိပါဘူး။ပတ်ဝန်းကျင်တွေရဲ့ဘေးစကားတွေကြောင့်ကိုယ့်ရဲ့စိတ်ကိုဒုက္ခပေးနေမိတာပါ။ကိုယ့်ကိုပူးကပ်နေတဲ့အတားဆီးတွေကိုဘယ်လိုရင်ဆိုမလဲပြီးတော့အဲဒီအတားဆီးတွေကိုဘယ်လိုနားလည်အောင်ကြိုးစားမလဲဆိုတဲ့လုပ်ဆောင်ချက်တွေကိုလည်းဖော်ပြထားပါတယ်🍁
🍁ကိုယ့်ရဲ့ခံစားချက်တွေကိုဘယ်လိုဖွင့်ထုတ်ရမလဲပြီးတော့ဝေဒနာတွေကိုယ်ထဲကလွတ်မြောက်အောင်ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာတွေကိုလည်းဖော်ပြထားပါတယ်။🍁
🍁ကျွန်တော်တို့တွေအမှန်တကယ်တော့ကိုယ့်ကိုယ်ကိုချစ်ဖို့ကိုမေ့နေကျတာပါ။ဒါပေမဲ့ဒီစာအုပ်လေးထဲမှာတော့ကိုယ့်ကိုယ်ကိုဘယ်လိုချစ်ရမလဲဆိုတာတွေပြီးတော့ကိုယ့်ကိုယ်ထဲမှာရှိတဲ့ကလေးငယ်ကိုလည်းချစ်အောင်ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာတွေကိုဖော်ပြထားပါတယ်🍁
🍁ကိုယ့်ရဲ့အတွင်းမှာရှိတဲ့ပါဝါတွေကိုသိအောင်လုပ်ပြီးဘယ်လိုမျိုးလုပ်ဆောင်ရမလဲဆိုတာတွေကိုလည်းရေးသားဖော်ပြထားပါတယ်🍁
🍁စာရေးဆရာမLouise L.Hayရဲ့ဘဝဇာတ်ကြောင်းကိုလည်းသိရှိအောင်ဖော်ပြထားပါတယ်။စာရေးဆရာမရဲ့ဘဝဇာတ်ကြောင်းကမလှခဲ့ပေမဲ့သူဘယ်လိုမျိုးကိုယ့်ရဲ့အတွင်းမှာရှိတဲ့ပါဝါစွမ်းအင်တွေယူခဲ့ရလဲဆိုတာကိုလည်းဗဟုသုတရအောင်လည်းဖော်ပြထားပါတယ်🍁
🍁ဒီစာအုပ်လေးကအရမ်းကိုဖတ်သင့်တဲ့စာအုပ်လေးတစ်အုပ်ပါ။ကိုယ့်ရဲ့စိတ်ကိုလည်းပိုပြီးတော့နားလည်လာပြီးကိုယ့်ရဲ့ကိုယ်တွင်းမှာရှိတဲ့ပါဝါတွေကိုဘယ်လိုမျိုးအသုံးချရမလဲဆိုတာကိုလည်းသိရှိလာတဲ့အတွက်ကြောင့်မို့ဒီစာအုပ်လေးကအရမ်းကိုကောင်းတဲ့စာအုပ်လေးတစ်အုပ်မို့ ဖတ်ဖြစ်အောင်ဖတ်လိုက်ဖို့ ညွှန်းဆိုလိုက်ပါတယ်နော်။🍁
(နောက်ထပ် Book Review လေးတွေလာမှာမို့ Myanmar Book Review Page ကိုဝင်ရောက်အလည်လာဖို့ ဖိတ်ခေါ်ပါတယ်နော်😍)
#ကိုယ့်ကိုတွင်းမှပါဝါစွမ်းအင်
#ThePowerIsWithinYou
#ဒေါက်တာခင်စန်းမော်
#MyanmarBookReview
📒Book Review📒
(The Power Is Within You)
#ThePowerIsWithinYou
#ဒေါက်တာခင်စန်းမော်
#MyanmarBookReview
No comments:
Post a Comment