မက္ကဇင်ပါပီရဲ့ ထရော်မာမျာ

📒Book Review📒
စာအုပ်နာမည်-မက္ကဇင်ပါပီရဲ့ ထရော်မာများ

စာရေးဆရာ- ပါပီယွန်

ဒီတစ်ခါ review လေးကတော့ ပါပီယွန် ရဲ့စာအုပ်လေးပါ ။စိတ်ဝင်စားဖို့လည်းကောင်း ပျော်ဖို့လည်းကောင်း ၊ဝမ်းနည်းစရာလည်းပါတော့ ပြီးသွားမှာတောင်စိုးရိမ်နေရတယ် ။ စာရေးဆရာက သူ့ဘဝအကြောင်းတွေကို ခေါင်းစဉ်လေးတွေခွဲပြီး ဒိုင်ယာရီ သဘောမျိုးရေးထားတာဆိုတော့ စိတ်ဝင်စားဖွယ်ကတော့ ပြောစရာကိုမလိုတော့တာပါ။ ကျွန်မကြိုက်တဲ့ အကြောင်းအရာတစ်ခုကို(အတိအကျတော့မဟုတ်ပါဘူး အကျဉ်းချုပ် လေး)ပြောပြချင်ပါတယ်။

💙ခေါင်းစဉ်လေးက က ``ဆွမ္မား ဆက်မောန်ကို မုန်းတယ်´´တဲ့ ဆွမ္မားဆက်မောန် ဆိုတဲ့စာရေးဆရာရဲ့ စာအုပ်ထဲက အကြောင်းအရာတစ်ခုပေါ့။ ဒုတိယကမ္ဘာစစ်မှာ ပြင်သစ်တစ်တိုင်းပြည်လုံးက ဂျာမန်တွေရဲ့ကျူးကျော်မှုကိုခံထားရတာပေါ့။ တစ်နေ့ဂျာမာန်စစ်သားတွေမူးမူးရူးရူးနဲ့လျှောက်သွားကြတဲ့အချိန်မှာ တဲအိမ်လေးတစ်လုံးထဲကိုရောက်သွားတယ်။အိမ်ရှင်ကအဖိုးကြီးရယ် အဖွားကြီး ရယ် ပြင်သစ်တောသူမလေးတစ်ယောက်ရယ်ပေါ့။သူတို့တွေက ဂျာမာန်စစ်သားတွေတွေမုန်းတီးရွံရှာတဲ့အကြည့်တွေနဲ့ကြည့်နေကြတော့ မူးရူးနေတဲ့ စစ်သားတွေထဲက Hans ဆိုတဲ့ စစ်သားက ပြင်သစ်မလေးကို အဓမ္မပြုကျင့်လိုက်တယ်။နောက်တနေ့ကျတော့ ရက်စက်တတ်တဲ့လူတစ်ယောက်ပုံစံမဟုတ်တော့တဲ့ မျက်လုံးပြာပြာ ရွှေရောင်ဆံပင်နဲ့ Hans ကအဲ့မိသားစုကိုပြန်ပြီးတောင်းပန်တယ်။အဲ့နောက်ပိုင်းမှာ Hansက တပ်ထဲက အစားအစာတွေယူယူလာပေး အိမ်အလုပ်တွေလည်းဝိုင်းကူတာပေါ့(စစ်တွင်းကာလဆိုတော့ ငတ်မွတ်ခေါင်းပါးကြတယ်)။

💙တစ်နေ့မှာ ပြင်သစ်တောသူမလေးက Hansရဲ့ကိုယ်ဝန်ကိုလွယ်ထားရတယ်။ဖြစ်ချင်တော့ တော်လှန်ရေးသမားလေး ပြင်သစ်ကျောင်းဆရာလေးက(ပြင်သစ်မလေးရဲ့ချစ်သူ)တိုက်ပွဲမှာကျဆုံးသွားတော့ Hansကိုပိုမုန်းသွားခဲ့တယ်။ရွက်ကြမ်းရည်ကျိုရုပ်မျှသာရှိတဲ့ ပြင်သစ်မလေးကို Hansကတော့ မေတ္တာသက်ဝင်သွားခဲ့ပါတယ်။တဖြည်းဖြည်းနဲ့လည်း ယာတောအိမ်ကမိသားစုလေးနဲ့ Hansနဲ့က သံယောဇဉ် တွေတွယ်လာကြတယ်။ပြင်သစ်မလေးကလည်း Hansကို မမုန်းတော့ဘူးပေါ့။စကားလေးဘာလေးတော့ပြန်ပြောနေပြီပေါ့။ပြင်သစ်မလေး ကိုယ်ဝန်ကလည်းရင့်နေပြီဆိုတော့ Hansကသူ့ကိုလက်ထပ်ဖို့အိမ်ကိုပြန်ပြီးအကျိုးအကြောင်းပြောပြ တပ်ထဲကထွက်ဖို့ ထွက်စာလည်းတင်ရနဲ့ သုံးရက်လောက်ကြာသွားတယ်။ပြန်လာတော့ အဖွားကြီးက ပြင်သစ်မလေးမီးဖွားတယ် ``ယောက်ျားလေး´´ဆိုပြီးပြောတယ်။ Hansလည်းဝမ်းသာသွားပြီး အိမ်ထဲဝင်တော့ ကလေးရောမိခင်ရောမရှိဘူး တစ်အိမ်လုံးဝိုင်းရှာကြတာပေါ့။ ပြီးတော့ မှအိမ်ရှေ့မှာ ညအိပ်ဝတ်စုံနဲ့တစ်ကိုယ်လုံးရေတွေစိုရွဲနေတဲ့ ပြင်သစ်မလေးကိုတွေ့တယ်
``ဆံပင်ရွှေရောင် မျက်လုံးအပြာလေးနဲ့ ရှင့်လိုပဲအင်မတန်ချောတဲ့ဂျာမန်လေးသိလားအသက်ကလည်းပြင်းလိုက်တာရှင်၊ နောက်ဖေးချောင်လေးထဲမယ် မနည်းကိုရေနှစ်သတ်လိုက်ရတယ်´´
ဇာတ်လမ်းလေးကတော့ဒါပါပဲ ။ ဆွမ္မားဆက်မောန်က စာဖတ်သူတွေရဲ့စိတ်ကိုမျှော်လင့်ချက်တွေပေးပြီးနှလုံးသားတွေကို ထုချေလိုက်သလိုပါပဲ။အဲ့ဒါကြောင့် ပါပီယွန် က ``ကျွန်တော် ဆွမ္မားဆက်မောန်ကိုမုန်းတယ်ဗျာ´´လို့ပြောတာပေါ့။😔

(နောက်ထပ် Book Review လေးတွေလာမှာမို့ Myanmar Book Review Page ကိုဝင်ရောက်အလည်လာဖို့ ဖိတ်ခေါ်ပါတယ်နော်😍)

#မက္ကဇင်ပါပီရဲ့ထရော်မာများ
#ပါပီယွန်
#MyanmarBookReview

📒Book Review📒
စာအုပ္နာမည္-မကၠဇင္ပါပီရဲ႕ ထေရာ္မာမ်ား
စာေရးဆရာ- ပါပီယြန္

ဒီတစ္ခါ review ေလးကေတာ့ ပါပီယြန္ ရဲ႕စာအုပ္ေလးပါ ။စိတ္ဝင္စားဖို႔လည္းေကာင္း ေပ်ာ္ဖို႔လည္းေကာင္း ၊ဝမ္းနည္းစရာလည္းပါေတာ့ ၿပီးသြားမွာေတာင္စိုးရိမ္ေနရတယ္ ။ စာေရးဆရာက သူ႕ဘဝအေၾကာင္းေတြကို ေခါင္းစဥ္ေလးေတြခြဲၿပီး ဒိုင္ယာရီ သေဘာမ်ိဳးေရးထားတာဆိုေတာ့ စိတ္ဝင္စားဖြယ္ကေတာ့ ေျပာစရာကိုမလိုေတာ့တာပါ။ ကြၽန္မႀကိဳက္တဲ့ အေၾကာင္းအရာတစ္ခုကို(အတိအက်ေတာ့မဟုတ္ပါဘူး အက်ဥ္းခ်ဳပ္ ေလး)ေျပာျပခ်င္ပါတယ္။

💙ေခါင္းစဥ္ေလးက က ``ဆြမၼား ဆက္ေမာန္ကို မုန္းတယ္´´တဲ့ ဆြမၼားဆက္ေမာန္ ဆိုတဲ့စာေရးဆရာရဲ႕ စာအုပ္ထဲက အေၾကာင္းအရာတစ္ခုေပါ့။ ဒုတိယကမၻာစစ္မွာ ျပင္သစ္တစ္တိုင္းျပည္လုံးက ဂ်ာမန္ေတြရဲ႕က်ဴးေက်ာ္မႈကိုခံထားရတာေပါ့။ တစ္ေန႕ဂ်ာမာန္စစ္သားေတြမူးမူး႐ူး႐ူးနဲ႕ေလွ်ာက္သြားၾကတဲ့အခ်ိန္မွာ တဲအိမ္ေလးတစ္လုံးထဲကိုေရာက္သြားတယ္။အိမ္ရွင္ကအဖိုးႀကီးရယ္ အဖြားႀကီး ရယ္ ျပင္သစ္ေတာသူမေလးတစ္ေယာက္ရယ္ေပါ့။သူတို႔ေတြက ဂ်ာမာန္စစ္သားေတြေတြမုန္းတီး႐ြံရွာတဲ့အၾကည့္ေတြနဲ႕ၾကည့္ေနၾကေတာ့ မူး႐ူးေနတဲ့ စစ္သားေတြထဲက Hans ဆိုတဲ့ စစ္သားက ျပင္သစ္မေလးကို အဓမၼျပဳက်င့္လိုက္တယ္။ေနာက္တေန႕က်ေတာ့ ရက္စက္တတ္တဲ့လူတစ္ေယာက္ပုံစံမဟုတ္ေတာ့တဲ့ မ်က္လုံးျပာျပာ ေ႐ႊေရာင္ဆံပင္နဲ႕ Hans ကအဲ့မိသားစုကိုျပန္ၿပီးေတာင္းပန္တယ္။အဲ့ေနာက္ပိုင္းမွာ Hansက တပ္ထဲက အစားအစာေတြယူယူလာေပး အိမ္အလုပ္ေတြလည္းဝိုင္းကူတာေပါ့(စစ္တြင္းကာလဆိုေတာ့ ငတ္မြတ္ေခါင္းပါးၾကတယ္)။

💙တစ္ေန႕မွာ ျပင္သစ္ေတာသူမေလးက Hansရဲ႕ကိုယ္ဝန္ကိုလြယ္ထားရတယ္။ျဖစ္ခ်င္ေတာ့ ေတာ္လွန္ေရးသမားေလး ျပင္သစ္ေက်ာင္းဆရာေလးက(ျပင္သစ္မေလးရဲ႕ခ်စ္သူ)တိုက္ပြဲမွာက်ဆဳံးသြားေတာ့ Hansကိုပိုမုန္းသြားခဲ့တယ္။႐ြက္ၾကမ္းရည္က်ိဳ႐ုပ္မွ်သာရွိတဲ့ ျပင္သစ္မေလးကို Hansကေတာ့ ေမတၱာသက္ဝင္သြားခဲ့ပါတယ္။တျဖည္းျဖည္းနဲ႕လည္း ယာေတာအိမ္ကမိသားစုေလးနဲ႕ Hansနဲ႕က သံေယာဇဥ္ ေတြတြယ္လာၾကတယ္။ျပင္သစ္မေလးကလည္း Hansကို မမုန္းေတာ့ဘူးေပါ့။စကားေလးဘာေလးေတာ့ျပန္ေျပာေနၿပီေပါ့။ျပင္သစ္မေလး ကိုယ္ဝန္ကလည္းရင့္ေနၿပီဆိုေတာ့ Hansကသူ႕ကိုလက္ထပ္ဖို႔အိမ္ကိုျပန္ၿပီးအက်ိဳးအေၾကာင္းေျပာျပ တပ္ထဲကထြက္ဖို႔ ထြက္စာလည္းတင္ရနဲ႕ သုံးရက္ေလာက္ၾကာသြားတယ္။ျပန္လာေတာ့ အဖြားႀကီးက ျပင္သစ္မေလးမီးဖြားတယ္ ``ေယာက္်ားေလး´´ဆိုၿပီးေျပာတယ္။ Hansလည္းဝမ္းသာသြားၿပီး အိမ္ထဲဝင္ေတာ့ ကေလးေရာမိခင္ေရာမရွိဘူး တစ္အိမ္လုံးဝိုင္းရွာၾကတာေပါ့။ ၿပီးေတာ့ မွအိမ္ေရွ႕မွာ ညအိပ္ဝတ္စုံနဲ႕တစ္ကိုယ္လုံးေရေတြစို႐ြဲေနတဲ့ ျပင္သစ္မေလးကိုေတြ႕တယ္
``ဆံပင္ေ႐ႊေရာင္ မ်က္လုံးအျပာေလးနဲ႕ ရွင့္လိုပဲအင္မတန္ေခ်ာတဲ့ဂ်ာမန္ေလးသိလားအသက္ကလည္းျပင္းလိုက္တာရွင္၊ ေနာက္ေဖးေခ်ာင္ေလးထဲမယ္ မနည္းကိုေရႏွစ္သတ္လိုက္ရတယ္´´
ဇာတ္လမ္းေလးကေတာ့ဒါပါပဲ ။ ဆြမၼားဆက္ေမာန္က စာဖတ္သူေတြရဲ႕စိတ္ကိုေမွ်ာ္လင့္ခ်က္ေတြေပးၿပီးႏွလုံးသားေတြကို ထုေခ်လိဳက္သလိုပါပဲ။အဲ့ဒါေၾကာင့္ ပါပီယြန္ က ``ကြၽန္ေတာ္ ဆြမၼားဆက္ေမာန္ကိုမုန္းတယ္ဗ်ာ´´လို႔ေျပာတာေပါ့။😔

(ေနာက္ထပ္ Book Review ေလးေတြလာမွာမို႔ Myanmar Book Review Page ကိုဝင္ေရာက္အလည္လာဖို႔ ဖိတ္ေခၚပါတယ္ေနာ္😍)

#မကၠဇင္ပါပီရဲ႕ထေရာ္မာမ်ား
#ပါပီယြန္
#MyanmarBookReview

No comments:

Post a Comment