သုခမြေပုံ

📒Book Review📒
စာအုပ်နာမည်-သုခမြေပုံ

စာရေးဆရာ-ချမ်းမြေ့ဝင်း

"မပျော်တတ်သူတစ်ယောက်
ပျော်ရွင်ခြင်းကို
ကမ္ဘာပတ်ပြီး လိုက်ရှာတဲ့အခါ"

🔷ဒီစာအုပ်လေးက စာရေးဆရာ ချမ်းမြေ့ဝင်းက မူရင်း အဲရစ်ဝိုင်နာ(Eric Weiner) ရဲ့ စာအုပ်ကို ဘာသာပြန်ထားတာပဲဖစ်ပါတယ်။ဒီစာအုပ်လေးမှာ အဲရစ်ဝိုင်နာက နိုင်ငံ(၁၀)နိုင်ငံကို အလည်ပတ်ရင်း ပျော်ရွင်ခြင်းကို လိုက်ရှာဖွေထားပုံကို ခရီးသွားပုံစံ ရေးထားပါတယ်။

🔷စာရေးဆရာ ချမ်းမြေ့ဝင်း ကတော့ ''စာအုပ်ဖတ်ပြီးသွားတဲ့အခါ
ပျော်ရွင်မှုအကြောင်း တစ်ပိုင်းတစ်စပိုနားလည်သွားမလား၊နိုင်ငံတွေ၊ယဉ်ကျေးမှုအကြောင်းတွေ နည်းနည်းလေး ပိုသိသွားမလား၊ဒါမှမဟုတ်...ဘာမှမရဘဲ ပျင်းစရာခရီးတစ်ခုသွားလိုက်ရသလို ငြီးငွေ့သွားမလားဆိုတာတော့ ကျွန်တော်လည်း မသိပါ။ ဘယ်လိုပဲဖြစ်ဖြစ် စာဖတ်သူ အဆင်ပြေပါစေလို့ ဆုတောင်းပါတယ်''ဆိုပြီး အမှာစာမှာ ရေးသားထားပါတယ်။

🔷နိုင်ငံ (၁၀) နိုင်ငံ?
ဘယ်နိုင်ငံ တွေ သွားတာ ဖြစ်မလဲ စိတ်ဝင်စားစရာကောင်းပါတယ်။ မြန်မာနိုင်ငံနဲ့ ဓလေ့ရိုးရာ  အနည်းငယ်ဆင်တဲ့ ထိုင်းနိုင်ငံလည်း ဒီထဲမှာပါပါတယ်။အိမ်နီးနားချင်း နိုင်ငံ ဖြစ်တဲ့ အိန္ဒိယ နိုင်ငံ ကိုလည်း စာရေးဆရာ ပျော်ရွင်ခြင်းကို လိုက်ရှာပါသေးတယ်နော်။

🔷ပထမဆုံး နယ်သာလန်နိုင်ငံရဲ့ ပျော်ရွင်ခြင်းကို စာရေးဆရာ
"ပျော်ရွင်ခြင်းက နံပါတ်တစ်ခု''တဲ့ဗျ။ အဲ့ထဲက ဆိုလိုချင်တာကတော့ ''သည်းခံခြင်းဆိုတာ ကောင်းပါတယ်။ဒါပေမယ့် သည်းခံခြင်းကနေ မတုန်မလှုပ်နေခြင်းဆီကို အလွယ်တကူ ကူးပြောင်းသွားနိုင်တယ်။မတုန်မလှုပ်ဘဲ ထူးမခြားနား နေခြင်းဟာ ပျော်ဖို့မကောင်းတာ အမှန်ပဲ'' ဆိုပြီး ရေးသားထားပါတယ်။

🔷နိုင်ငံ တစ်နိုင်ငံခြင်းဆီရဲ့ ယဉ်ကျေးမှုတွေ၊ ပျော်ရွင်မှုရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို စိတ်ဝင်းစားဖွယ် စာအုပ်ဖတ်ရင်း ကမ္ဘာပတ်နေသလို ခံစားရမှာတော့ အမှန်ဖို့ စာအုပ်လေး ပြေးပြီး သွားဝယ်ဖတ်ဖို့ ညွှန်းဆိုလိုက်ပါတယ်ခဗျာ။

ကျေးဇူးတင်ပါတယ်။

(စာအုပ် Review များစွာရှိတဲ့အတွက် page ကို အလည်လာဖို့ ဖိတ်ခေါ်ပါတယ်နော်😍)

#သုခမြေပုံ
#ချမ်းမြေ့ဝင်း #ဘာသာပြန်
#MyanmarBookReview

📒Book Review📒

ကမ်ဘာပတျပွီး လိုကျရှာတဲ့အခါ"








#MyanmarBookReview

No comments:

Post a Comment